Movie Name
Toby (2023)
Year
2023
Generes
Action, Crime, Drama
Code
IND1028
Type
Movie
Size
866 MB
Country
Bollywood
Description
Toby (2023) “တုနှိုင်းမဲ့မေတ္တာ” IMDb – 8.1/10 ဟာသကားတွေမှာမြင်ရလေ့ရှိတဲ့ ရာ့ဂျ်ဘီရှက်တီကို လူမိုက်ကြီးတစ်ယောက်အနေနဲ့ တွေ့မြင်ရမဲ့ ကန်နေဒါရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ရာ့ဂျ်ဘီရှက်တီဆိုတာ ခွေးလေးတစ်ကောင်အနေနဲ့ အကယ်ဒမီရသွားတဲ့ရုပ်ရှင်ထဲမှာ ဒေါက်တာနေရာက သရုပ်ဆောင်ခဲ့တဲ့သူ။ အခုဒီရုပ်ရှင်က ရုံတင်ပြသပြီးတဲ့နောက်မှာပဲ ဝေဖန်ရေးသမားတွေရဲ့ အကြိုက်တွေ့ခဲ့သလို ပရိသတ်တွေကြားမှာလည်း အတော်လေးပြောစမှတ်တွင်သွားခဲ့ပါတယ်။ တိုဘီဆိုတာ အနေအေးတဲ့လူကြီးဖြစ်နေပေမဲ့ ကျေးရွာဥက္ကဌက သူ့ရဲ့မှောင်ခိုလုပ်ငန်းတွေနဲ့ပတ်သက်ပြီး လူသတ်စရာရှိလာရင် ရံဖန်ရံခါ ငှားရမ်းသတ်ဖြတ်ခိုင်းလေ့ရှိတဲ့ ကြေးစားလူသတ်သမားကြီးလည်း ဖြစ်နေပြန်ရော။ သမီးလေးတစ်ယောက်ရှိပြီး ပတ်ဝန်းကျင်ကြမ်းတော့ စရိုက်ခပ်ကြမ်းကြမ်းနဲ့ ကမ်းခြေမှာအသားငါးလုပ်ငန်းလုပ်ရပါတယ်။ အဖေဖြစ်သူကို ထောင်ကနေသွားသွားခေါ်နေရတော့ စိတ်အချဉ်ပေါက်ပြီး ဖခင်တိုဘီကို လူသတ်မှုကျူးလွန်စေသူ ရွာသူကြီးဆီသွားပြီး ပွဲကြမ်းပါတော့တယ်။ အဲဒီကနေစလို့ ပြဿနာတွေကမပြီးဘဲ ဂျန်နီရဲ့ခင်ပွန်းဖြစ်သူက ရွာလူကြီးရဲ့မှောင်ခိုလုပ်ငန်းတွေမှာ အနှောင့်အယှက်အဖြစ်နဲ့ ရွာလူကြီးက မြင်လာတဲ့အခါမှာတော့။ ရွာလူကြီးခိုင်းတာလုပ်ပြီး ခပ်အေးအေးနေတဲ့အရက်သမားကြီး တိုဘီတစ်ယောက် သမီးဖြစ်သူရဲ့အသက်အန္တရာယ်ထိပါ ထိပါးလာချိန်မှာတော့ ရွာလူကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ပါတော့တယ်။ ဖခင်တစ်ယောက်ရဲ့မေတ္တာဖွဲ့လား…လူမိုက်တယောက်ရဲ့သွားရာလမ်းလား…ဆိုတာတော့ ခံစားကြည့်ရှုကြပါဦး။