Movie Name
Trumbo (2015)
Year
2015
Generes
Biography, Drama
Code
EN3700
Type
Movie
Size
1.01 GB
Country
Hollywood
Description
ဒီတစ်ခါမှာတော့ စာရေးဆရာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ဘဝအကြောင်းကိုရိုက်ကူးထားတဲ့ Trumbo ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးထဲမှာ Breaking Bad ထဲမှမင်းသားကြီး Bryan Cranstonကပါဝင်သရုပ်ဆောင်ထားပြီး Malificent ထဲက မင်းသမီးလေး Elle Fanning လည်းပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ ထရမ်ဘိုဟာ 1947 မှာဟောလိဝုဒ်ရဲ့အအောင်မြင်ဆုံးထိပ်သီးစာရေးဆရာတစ်ယောက်ပါ ဒါပေမဲ့ သူနဲ့အတူ အခြားအနုပညာရှင်တချို့ဟာ ကွန်မြူနစ်တွေအဖြစ် စုံစမ်းစစ်ဆေးခံရပြီး တရားရင်ဆိုင်ရပါတယ် နောက်ပြီး သူတို့တွေကို နာမည်ပျက်စာရင်းသွင်းပြီး သပိတ်မှောက်ကြပါတယ်။ ထရမ်ဘိုတို့ဟာလည်း အလုပ်သမားအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားမှုတွေမှာထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး ထောင်ကျခဲ့ပါတယ်။ ထောင်ကထွက်လာပြီးနောက်မှာ သူ့ကိုဘယ်သူကမှအလုပ်တွဲမလုပ်ကြတော့ပါ မခေါ်မပြောနဲ့ဝိုင်းပြီးခွဲခြားခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့လိုအခြေအနေမှာတောင် ဒေါ်လ်တန်တစ်ယောက် စကားလုံးနဲ့ဥာဏ်ပညာကိုအသုံးချပြီး အကယ်ဒမီဆုနှစ်ဆုကိုရအောင်ယူပြခဲ့ပါတယ် အဲ့နောက်မှာတော့ နာမည်ပျက်စာရင်းဆိုတာကြီးကို ဖျောက်ဖျက်ဖို့သူဘယ်လိုကြိုးစားခဲ့တယ်ဆိုတာကို ပုံဖော်ရိုက်ကူးထားပါတယ် ဒီဇာတ်ကားဟာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ အတ္ထုပ္ပတ္တိကိုရိုက်ကူးထားတဲ့ Biography Film အမျိုးအစားလေးပါ။