Movie Name
Fantastic Doctors (အံ့ဩဖွယ်သူရဲကောင်းများ) (2023)
Year
2023
Generes
Drama
Code
SC0732
Type
Series
Size
5.91 GB
Country
China
Description
1-16 Completed ဒီဇာတ်လမ်းတွဲလေးကတော့ ကိုရီးယားမှာ တစ်ခေတ်တစ်ခါက အရမ်းကို နာမည်ကြီးခဲ့တဲ့ The Good Doctor ဆိုတဲ့ဇာတ်ကားလေးကို remake ပြန်ရိုက်ထားတာဖြစ်ပါတယ် ။ main lead အနေနဲ့ ဟိုတလောလေးကမှ lost you forever နဲ့ အရမ်း hit ဖြစ်ထားတဲ့ မင်းသား Zhang Wang Yi ပါဝင်ထားပြီး တခြားနာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေလည်း အများကြီးပါဝင်ထားတော့ ကြည့်ရတာ ရှယ်ပဲနေမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ – Asperger’s Syndrome လို့ခေါ်တဲ့ ပေါင်းသင်းဆက်ဆံရေးအခက်အခဲရှိတဲ့ရောဂါရှိနေတဲ့ ချန်ဟွေးတစ်ယောက် ဆေးကျောင်းကနေဘွဲ့ရခဲ့ပါတယ် ။ သူက အဲဒီရောဂါရှိနေပေမဲ့ တစ်ဖက်မှာလည်း ဉာဏ်ကြီးရှင်ဖြစ်နေပြန်ပါတယ် ။ အဲဒီလိုနဲ့ ဘယ်ဆေးရုံကမှသူ့ကိုလက်မခံခဲ့ပေမဲ့ စုန့်ကျားဆေးရုံက ဆေးရုံအုပ်က သူကပါရမီရှင်ဖြစ်ပြီးလက်မလွှတ်ချင်တာကြောင့် အားလုံးဝိုင်းတားနေတဲ့ကြားက ဆေးရုံမှာ house ဆင်းဖို့အလုပ်ခန့်လိုက်ပါတော့တယ် ။ Asperger’s Syndrome ရှိနေတဲ့ချန်ဟွေးတစ်ယောက် ဆေးရုံမှာ မကြာခနဆိုသလို လူနာရှင်တွေနဲ့ပြဿနာတတ်ရ ပြန်အတိုင်ခံရနဲ့ ဖြစ်လာခဲ့ပါတော့တယ် ။ ဆေးရုံကလည်း house ဆင်းနေတဲ့ဆရာဝန်တွေထဲကမှ နှစ်ယောက်ကိုပဲ ဆေးရုံမှာ ဆက်ပြီးအလုပ်လုပ်ခွင့်ပေးမယ်ဆိုလာသောအခါ.. ချန်ဟွေးတစ်ယောက် သူရဲ့ရည်မှန်းချက်ဖြစ်တဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်ကိုလက်လျှော့လိုက်ရမလား ? ဘယ်လိုတွေကြိုးစားသွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှု့ပေးကြပါဦး