Movie Name
Reservoir Dogs (1992)
Year
1992
Generes
Crime, Thriller
Code
00704
Type
Movie
Size
641 MB
Country
Hollywood
Description
IMDb 8.3 ရရှိထားတယ်ဆိုတာတော်ယုံ Rating မျိုးမဟုတ်ဘူးနော် 1992 ခုနှစ်ကထွက်ခဲ့တဲ့ဇာတ်ကားဟောင်းလေးဆိုပေမဲ့ ကောင်းနေဆဲဇာတ်ကားလေးပါ။ Crime/Thriller ဇာတ်ကားလေးဖြစ်ပါတယ် ဗြိတိန်နာမည်ကြီး Film magazine တစ်ခုဖြစ်တဲ့ Empire Film magazine ကတောင် ” Greatest Indenpendent Film of all Time” အဖြစ်သတ်မှတ်ခံထားခဲ့ရပါတယ်။ အမေရိကန်နိုင်ငံမှာ ရုံဝင်ငွေဒေါ်လာ၂.၅သန်းအထိရရှိခဲ့ပြီး အင်္ဂလန်နိုင်ငံမှာပိုလို့အောင်မြင်ကာ ဝင်ငွေပေါင် ၆.၅သန်းအထိရလာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ယောက်ကိုတစ်ယောက် မသိကြတဲ့နာမည်ဝှက်ကိုယ်စီနဲ့ဒုစရိုက်သမား ၆ယောက်ကို ဓားပြတိုက်မှုတစ်ခုလုပ်ဖို့အတွက် စုစည်းလိုက်တဲ့တာကစတာပဲဖြစ်ပါတယ်။ တကယ်တော့အဲဒီအဲဒါဟာရဲတွေရဲ့ထောင်ချောက်ဆင်မှုတစ်ခုဖြစ်ပြီး ဒါကိုမသိလိုက်တဲ့၆ယောက်သား ကိုယ်လွတ်ရုန်းဖို့လုပ်ရတော့တာပဲဖြစ်ပါတယ်။ သူတို့တွေထောင်ချောက်ဆင်ခံလိုက်ရတာကိုသိသွားပြီးတဲ့နောက်မှာ အဓိကလက်သည်ဟာဘယ်သူလဲအဲဒီသူဟာသူတို့ထဲမှာရှိနေပြီ သစ္စာဖောက်သွားတာလားဆိုတာအဖြေရှာကြတော့တာပါပဲ။ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့စိတ်ဝင်စားစရာကောင်းပြီး ဝေဖန်မှုတွေလည်းကောင်းကောင်းရထားပြီး အောင်မြင်ခဲ့တဲ့ Crime/Thriller ဖြစ်တာကြောင့်ကြည့်စေချင်ပါတယ်။ R rated ဖြစ်ပြီးအပြောအဆိုကြမ်းတမ်းတာတွေပါနိုင်ပါတယ်။