Movie Name
Unexpected Grace (2023)
Year
2023
Generes
Drama
Code
EN3732
Type
Movie
Size
681 MB
Country
Hollywood
Description
Unexpected Grace (2023) ~ IMDb – 7.4/10, Rotten Tomatoes – 83% ~ ဒီတစ်​ခေါက်မိတ်ဆက်​ပေးမှာက​တော့ 2023 မှာထွက်ရှိထားပြီး Rating လည်း​ကောင်းတဲ့ Healing ဒရာမာ​ကောင်း​​လေး The Unexpected Grace ပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ လွန်ခဲ့တဲ့နှစ်နှစ်က သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး အိမ်​ထောင်​ရေးမှာပါ အဆင်မ​​ပြေဖြစ်ခဲ့ရတဲ့ နိုအဲတစ်​ယောက် သမီးမဆုံးခင် သူငယ်ချင်းရှာတဲ့စာနဲ့အတူ လွှတ်တင်လိုက်တဲ့ပူဖောင်း​လေးကို ​ကောင်မ​လေးတစ်​ယောက်က ​တွေ့သွားပြီးဆက်သွယ်လာတဲ့အခါ… အ​ဖေဖြစ်သူရဲ့အလုပ်​ကြောင့် ခဏခဏမြို့​ပြောင်း​နေရာက​နေ သူငယ်ချင်းမရှိလို့ စိတ်ညစ်​နေတဲ့ ဂ​ရေ့စ်​တစ်​ယောက် တစ်​နေ့ တိုနီဆိုတဲ့​ကောင်မ​လေးသူငယ်ချင်းရှာထားတဲ့ ပူ​ဖောင်း​လေးကို​တွေ့သွားပြီး သူငယ်ချင်းရမယ်အထင်နဲ့ဆက်သွယ်ကြည့်လိုက်တဲ့အခါ… သမီးကသာ သူ့ဘဝ သမီးတစ်​ယောက်ကိုသာစိတ်ထဲထားပြီး အလုပ်​တွေကြိုးစား​နေတဲ့ဂျက်တစ်​ယောက် တစ်​နေ့ သမီး​ပျောက်လို့လိုက်ရှာရင်း သမီးရဲ့သူငယ်ချင်းဖြစ်သူက နိုအဲမှန်းသိသွားတဲ့အခါ… သူတို့သုံး​ယောက်ကြား ခံစားချက်​တွေ ဝမ်းနည်းစရာ​တွေ အတိတ်ကဒဏ်ရာ​တွေကို တစ်​ယောက်ကိုတစ်​ယောက် ဘယ်လိုကူညီ​ဖြေရှင်းရမလဲဆိုတာကို ဒရာမာဆန်ဆန်ကြည့်ရှုလို့​ကောင်းတဲ့ ဇာတ်လမ်း​ကောင်း​လေး တစ်ပုဒ်ဖြစ်ပါတယ်။