Movie Name
We Go Fast On Trust (အချစ်နှင့်ရည်မှန်းချက်) (2023)
Year
2023
Generes
Romance
Code
SC0735
Type
Series
Size
8 GB
Country
China
Description
1-22 Completed ယုံကြည်ချက်ခိုင်မာပြင်းထန်တဲ့ အင်ဂျင်နီယာမလေး Shen Xi အဖြစ် Someday or One Day နဲ့ ပရိသတ်တွေ ပိုသတိထားလာမိခဲ့တဲ့ မင်းသမီးချော “Alice Ke” “Super Formula”ပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြုဖြစ်ဖို့ ရည်မှန်းထားတဲ့ Chen Mo Bai အဖြစ် Lost Track of Time, My Calorie Boy တို့နဲ့ ပျိုမေတို့အချစ်ကို သိမ်းယူသွားခဲ့တဲ့ မင်းသားလေး “Zhai Zi Lu” ဇာတ်လမ်းအညွှန်း👇👇 တစ်နေ့မှာ နိုင်ငံကိုယ်စားပြု ပြိုင်ကားမောင်းသူတစ်ယောက်ဖြစ်ရမယ်လို့ ငယ်စဉ်ကတည်းက ဆုံးဖြတ်ထားခဲ့တဲ့ Chen Mo Bai ကို သူ့မိသားစုကတော့ ယုံကြည်မှုမရှိတဲ့အပြင် ဟာသတစ်ခုအနေနဲ့သာ မှတ်ယူနေခဲ့ပါတယ်။ Shen Xi ဆိုတဲ့ အမျိုးသမီးလေးကတော့ သူ့ဘဝရဲ့အိပ်မက်တွေကို ပြည့်မြောက်အောင်ကြိုးစားနေတဲ့ အင်ဂျင်နီယာမလေးဖြစ်ပြီး ရည်မှန်းချက်ကြီးမားတဲ့ Chen Mo Bai နဲ့ တွေ့ဆုံဖို့အကြောင်းဖန်လာပါတော့တယ်။ အင်ဂျင်နီယာမမShen Xi ရဲ့ ဦးဆောင်လမ်းညွှန်မှုတွေအောက်မှာ Chen Mo Bai ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ နီးစပ်လာချိန်မှာပဲ Shen Xiတစ်ယောက် လောကဓံရဲ့ရိုက်ချက်တွေခံရပြီး ဘဝရဲ့အမှောင်မိုက်ဆုံးအချိန်ကို ရောက်ရှိလာတဲ့အခါ…..။ အိပ်မက်နောက်လိုက်ရင်း လဲကျချင်လာရင် ယုံကြည်အားပေးတတ်တဲ့ ချစ်ရသူနဲ့အတူ ဖြတ်ကျော်နိုင်တာကလည်း အင်အားတစ်ခုဖြစ်တာမလို့ "အချစ်နှင့်ရည်မှန်းချက်" လို့ အမည်ပေးထားတဲ့ ဒီဇာတ်လမ်းလေးက ဘယ်လိုရသမျိုးတွေပေးစွမ်းနိုင်မလဲဆိုတာကို SoulKingdom မှာ အခုပဲကြည့်လိုက်ရအောင်နော်။