Movie Name
Aval (The House Next Door) [2017]
Year
2017
Generes
Drama, Horror
Code
IND1037
Type
Movie
Size
965 MB
Country
Bollywood
Description
ဝန်ကျရာ ဇာတ်ကားတစ်ကားကို စ,ရေးတော့မယ်လို့ ကြည့်လိုက်တော့ Kollywood(Tamil) ကားတစ်ကား ဖြစ်နေတယ်။ အမှန်တိုင်းပြောရရင် Tamilကားတွေဆို သိပ်အထင်မကြီးတတ်တော့ Google မယ်ဒီကားနာမည်လေး ရေးရှာကြည့်တော့ BEST KOLLYWOOD MOVIES OF 2017 မှာ နံပါတ် ၂ ချိတ်ထားသလို Rating တွေအနေနဲ့ကလည်း IMDB – 7.2/10 နဲ့ Rotten Tomatoes – 100% အပြည့်ဆိုပဲ ဒီအချက်ကြောင့် ဒီဇာတ်ကားကို ကြည့်ချင်စိတ်ဖြစ်လာပြီး အလုပ်တွေပြီးလို့ အားတဲ့အချိန်ကလည်း ည၁၁ထိုး၊ မနက်ထိ မဆိုင်းတော့ပဲ လက်တော့လေးဖွှင့်ကာ ရုပ်ရှင်ကားကို စကြည့်မိပါတော့တယ် ကုလားကားသာ ပြောတယ် စလာတော့ ၁၉၃၅ ခုနှစ်၊ ကိုလိုနီခေတ်က တရုတ်သားအမိနှစ်ယောက်နဲ့ သူတို့အိမ်ကိုပြပြီး ပျော်ရွှင်နေတဲ့ သားအမိနှစ်ယောက်ရဲ့ အိမ်မှာ ရုတ်တရက်ဆိုသလို အော်ငြီးသံကြီးတစ်ခုနဲ့ ၂၀၁၆ကို မောင်းနှင်သွားပါတော့တယ်။ ၂၀၁၆ ခုနှစ် အေးချမ်းတဲ့ဆောင်းရာသီလေးမယ် အိမ်လေးတစ်လုံးထဲက ညားခါစဇနီးမောင်နှံနှစ်ဦးရဲ့ အပျော်တွေကို ကျွန်တော်တို့ဆီ မျှဝေလိုက်ပြီး ဘေးခြံကို မိသားစု အသစ်တွေပြောင်းလာတာကို အသိပေးလိုက်ပါတယ်။ ဇနီးမောင်နှံနှစ်ယောက်အတွက်ကတော့ အိမ်နီးချင်းအသစ်တွေ ရမှာဖြစ်သလို ယောက်ျားအလုပ်သွားတဲ့အချိန် ပြင်းခြောက်ခြာက်ဖြစ်နေမယ့် ဇနီးသည်အတွက်တော့ ပိုပျော်ရွှင်ရမယ့် လက္ခဏာပါပဲ ထင်ထားတဲ့အတိုင်းပါပဲ ဘေးအိမ်ကို ပြောင်းလာတဲ့ မိသားစုဝင်တွေထဲက ညီအစ်မနှစ်ယောက်က သူတို့အိမ်ကို ရောက်လာပြီး အိမ်တက်ညစာစားပွဲကို လာခဲ့ဖို့ လာဖိတ်ပါတော့တယ်။ ညစာစားပွဲမယ် လူအများကြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဧည့်ခံနေတဲ့ သူတို့ရဲ့ အိမ်ကလေးကို လှည့်လည် ကြည့်နေရင်း့ သူတို့ရဲ့ သမီးအကြီးဖြစ်သူ ရေတွင်းထဲခုန်ချသွားပါတော့တယ်၊ ခုန်ချတာလား၊ ပြုတ်ကျတာလား ဒီအချိန်မှာ ဒီမေးခွန်းအရေးမကြီးဘူး ကောင်မလေးကို အမြန်ကယ်ရမယ် “ပေါလ် ကြိုးတစ်ချောင်းယူပြီး မြန်မြန်လိုက်ခဲ့ ဂျန္နီ ရေတွင်းထဲကျသွားပြီ ” ကိုယ့်အသက်ကို ပဓာနမထားပဲ ကောင်မလေးကို ကယ်ဖို့ ခရစ်ရှ် တစ်ယောက် ရေတွင်းထဲကို အပြေးအလွှာခုန်ချလိုက်ပါတော့တယ် ရေထဲကို ရောက်သွားတဲ့အချိန်မှာ ရေကြောင့်ပဲလား ဘာလား သေသေချာချာမသိလိုက်ဘူး အထူးတဆန်း အရာတစ်ခု မြင်တွေ့လိုက်ပြီး ခရစ်ရှ်လန့်ဖြန့်သွားတော့တယ် ကောင်မလေး ရေတွင်းထဲ ဘာကြောင့် ခုန်ချတာလဲ ဒါမှမဟုတ်ပြုတ်ကျတာလား ဆက်တိုက်ဆိုသလို ထိန့်လန့်စရာတွေက အိမ်နီးချင်းသူတို့ တွေဆီ ရောက်ရှိလာပါတော့တယ့် #Horror ပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားတစ်ကား ဖြစ်ပြီး စလည်အဆုံး ဆွဲဆောင်မှု အပြည့်နဲ့မို့လို့ မလွတ်တန်းကြည့်ရှု့ပြီး ဆောင်းရာသီရဲ့ အရသာလေးကို အပြည့်အဝခံစားလိုက်ပါလို့ ညွှန်းလိုက်ပါရစေ