Movie Name
Shastry Virudh Shastry (2023)
Year
2023
Generes
Drama
Code
IND1041
Type
Movie
Size
874 MB
Country
Bollywood
Description
Shastry Virudh Shastry (2023) မေတ္တာချင်းပြိုင်ဘယ်သူနိုင် IMDb 9/10 ယခုတစ်ခါမှာတော့ အမိုက်စား IMDb နဲ့ ချစ်ခြင်းမေတ္တာပြိုင်ကြမဲ့ မိသားစုတစ်ခုအကြောင်းဇာတ်ကားလေးကိုတင်ဆက်ပေးထားပါတယ် အမေကချေးငွေအေးဂျင့် အဖေကဂိမ်းတီထွင်သူတစ်ယောက် သူတို့၂ယောက်စလုံးက မွန်ဘိုင်းမှာအလုပ်လုပ်တော့ ကလေးဖြစ်သူကိုမွေးရပ်မြေမှာအဘိုးအဘွားတွေနဲ့ထားခဲ့ရတယ်ပေါ့ မိုမိုဂျီဆိုတဲ့ဒီကလေးကအဘိုးအဘွားတွေရဲ့အချစ်တော်လေး ချစ်မွှေးလေးတစ်ယောက်ပါ ကလေးကသင်္ချာမတော်လို့ဆိုပြီး လူငယ်တွေသုံးတဲ့အက်ပ်တွေလိုက်သုံးပြီး သင်္ချာသင်ပေးတဲ့အထိ အဘိုးဘွားတွေကဖူးဖူးမှုတ်ထားတာ ဒါပေမဲ့အဖေဖြစ်သူကအလုပ်ပြုတ်ပြီးတော့မွေးရပ်မြေကိုပြန်ဖို့ဖြစ်လာတယ် မြေးကိုသည်းသည်းလှုပ်ချစ်တဲ့ဘိုးဘွားတွေက အဖေအမေလက်ထဲကလေးကိုသိပ်ပြီးမအပ်ချင်ကြဘူးတဲ့လေ ဒီလိုတစ်အိမ်တည်းမှာအခြေနေတွေတင်းမာလာချိန်မှာ အမေရိကန်ကသူငယ်ချင်းကဂိမ်းကုမ္ပဏီထောင်ဖို့ ဖခင်ဖြစ်သူမယ်လ်ဟာ့ကိုကမ်းလှမ်းလာတော့မဖြစ်မနေထွက်ရမဲ့အခြေအနေတွေကြား ကလေးကိုပါခေါ်သွားချင်တဲ့ဆန္ဒကို အဘိုးအဘွားတွေကသဘောမတူလေတော့ သားတရားစီရင်ခန်းလို တရားရုံးအမှုတက်ရင်ဆိုင်ကြရင်း… ကလေးကိုဘယ်သူကရသွားမလဲ ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာကတော့ …