Movie Name
Stand By Me (2018)
Year
2018
Generes
Drama
Code
KR0546
Type
Movie
Size
700 MB
Country
Korea
Description
Stand by meဆိုတဲ့ 2018ထွက်​ ကားသစ်​​လေးက​တော့ Drama အမျိုးအစားဖြစ်​ပြီး ဖြစ်​ရပ်​မှန်​ကို ပြန်​လည်​ပုံ​ဖော်​ထားတဲ့ ကား​လေးတစ်​ကားပါ ဒီဇာတ်​ကား​လေးကို စိတ်​မခိုင်​တဲ့လူ​တွေ ကြည်​့မယ်​ဆိုရင်​​တော့ တစ်​သျှူး​လေး​တော့ ​ဆောင်​ထားကြပါ​နော်​ ဒီကား​လေးမှာ​တော့ အသက်​ရဝအရွယ်​ အဖိုးတ​ယောက်​က ​မြေး​လေးနှစ်​​ယောက်​ကို ပင်​ပင်​ပန်​းပန်​း ရှာ​ဖွေ​ကျွေး​မွေး​စောင်​့​ရှောက်​ရင်​း ​​နေထိုင်​​နေခဲ့တယ်​ ဘယ်​​လောက်​ပဲ အဖိုးချစ်​ခင်​​စောင်​့​ရှောက်​​နေပါ​စေ မိဘ​မေတ္တာငတ်​​နေတဲ့ က​လေး​တွေက​တော့ အ​မေနဲ့အ​ဖေကိုသာ လွမ်​းဆွတ်​​နေခဲ့ရှာပါတယ်​ အဖိုးဖြစ်​သူက အ​မေ့ကို ​မောင်​းထုတ်​လိုက်တယ်​ဆိုပြီး က​လေး​တွေက အဖိုးကို တခါတ​လေ မုန်​းတီးတတ်​ပါတယ်​ အဲ့လိုနဲ့ အဖိုးဖြစ်​သူက အဆုတ်​ကင်​ဆာဖြစ်​​နေခဲ့ပြီး​တော့ က​လေး​တွေကို ဘယ်​လိုဆက်​လုပ်​ရမှန်​းမသိ​တော့ပဲ ​ချွေးမဖြစ်​သူကို ရှာဖို့ကြိုးစားပါ​တော့တယ်​ ​ချွေးမဖြစ်​သူကို​တော့ အဖိုးက သူ့သား​သေသွားတာကို အာမခံ​ငွေ​တွေယူပြီး ထွက်​သွားလို့ မုန်​းတီ​းခဲ့တာပါ အဲ့လိုနဲ့အဖိုးက သူ့​ချွေးမကို​ရော ပြန်​ရှာ​တွေ့ခဲ့လား သူ့​ချွေးမက​ရော ဘာလို့ အာမခံ​ငွေ​တွေယူသွားခဲ့ရတာလဲ အဖိုးက​​သေ​တော့မှာမို့ က​လေး​တွေကို​ရော ဘယ်​လိုလုပ်​ခဲ့လဲ က​လေး​တွေက​ရော အ​မေနဲ့ပြန်​​တွေ့ပါ့မလားဆိုတာ မသိချင်​ကြဘူးလား တကယ်​့ကိုသနားစရာ​ကောင်​းတဲ့ ဖြစ်​ရပ်​မှန်​ကား​လေးလည်​းဖြစ်​ပြီး လက်​​တွေ့ဘဝမှာလည်​း ဖြစ်​တတ်​တဲ့အ​ကြောင်​းအရာပုံစံမို့လို့ မဖြစ်​မ​နေကို ကြည်​့သင်​့တဲ့ ဗဟုသုတရတဲ့ကား​လေးပါ ကြည်​့ကိုကြည်​့သင်​့ပြီး ကြည်​့ရတာတကယ်​တန်​​စေမယ်​့ ကား​လးပါလို့ ညွှန်​းလိုက်​ချင်​ပါတယ်​ရှင်​