-
Movie Name
-
The Ordinaries (2022)
-
Year
-
2022
-
Generes
-
Comedy, Drama, Sci-Fi
-
Code
-
EN3745
-
Type
-
Movie
-
Size
-
676 MB
-
Country
-
Hollywood
-
Description
-
ဘဝမှာ ခင်ဗျားကအရံလူတစ်ယောက် ဖြစ်နေတယ်ဆိုရင် ခင်ဗျားက
အရေးပါတဲ့သူ တစ်ယောက်ဖြစ်ဖို့ကြိုးစားမလား ဒါမှမဟုတ် အမေ့လျော့ခံ
ဘဝလေးမှာပဲ ရှင်သန်သွားမလား ဒီ Ordinariesဆိုတဲ့ ရုပ်ရှင်ဇာတ်ကားက
ရုပ်ရှင်လောကရဲ့ဇာတ်ကောင်သုံးမျိုးဖြစ်တဲ့ အဓိကဇာတ်ဆောင်တွေ ဇာတ်ပို့
ဇာတ်ရံတွေ အပယ်ခံတွေရဲ့အကြောင်းကို အဓိကဇာတ်အိမ်တည်ထားပြီး
ဒါရိုက်တာSophie Linnenbaumက ရိုက်ကူးပုံဖော်ထားပါတယ် ဒီဇာတ်ကားက
rating 6.7/10 အထိရရှိထားပြီး ဂျာမနီနိုင်ငံရဲ့သရုပ်ဆောင် အကျော်အမော်
မင်းသမီးဖြစ်တဲ့ Fine Sendel ကအဓိကဇာတ်ဆောင် ပေါ်လာ အဖြစ်
သရုပ်ဆောင်ထားပြီး အကောင်းဆုံးမျက်နှာသစ်ဒါရိုက်တာဆု အကောင်းဆုံး
နိုင်ငံတကာရုပ်ရှင်ဆု အကောင်းဆုံးရုပ်သံတည်းဖြတ်ဆု စတဲ့ဆုပေါင်းများစွာကို
ဆွတ်ခူးရရှိထားပါတယ် ဒီဇာတ်ကားမှာ ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်တဲ့
ပေါ်လာဆိုတဲ့ ကောင်မလေးတစ်ယောက် အဓိကဇာတ်ဆောင်ဖြစ်ဖို့ ကြိုးစားရာမှာ
တွေ့ကြုံရတဲ့ အခက်အခဲတွေ အတားအဆီးတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်
ဒီဇာတ်ကားမှာ အဖိနှိပ်ခံလူတန်းစားတစ်ရပ်ဖြစ်တဲ့ အပယ်ခံလူတန်းစားတွေက
ရုပ်ရှင်တေးသွားတွေကို ဖန်တီးခွင့်မရှိသလို အဓိဇာတ်ဆောင်တစ်ယောက်
ဖြစ်ခွင့်လည်းမရှိဘူးလို့ တားဆီးပိတ်ပင်ခံထားရပြီး ကိုယ့်စိတ်ကူးအိပ်မက်တွေကို
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မရှိပါဘူး အဓိကဇာတ်ဆောင် တစ်ယောက်ဖြစ်ဖို့
အဓိကဇာတ်ဆောင်သင်တန်းကျောင်းမှာ ကြိုးစားနေတဲ့ ပေါ်လာတစ်ယောက်
ငယ်ငယ်ကတည်းက စွန့်ပစ်သွားတဲ့ ဖခင်ဖြစ်သူကို လိုက်ရှာရင်း မိမိကအပယ်ခံ
တစ်ယောက် ဖြစ်နေတာကိုသိရှိသွားတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ ဘယ်လို
အတားအဆီးတွေနဲ့ကြုံတွေ့ရမလဲ ပေါ်လာတစ်ယောက်ကြုံတွေ့လာတဲ့ အတားအဆီး
အခက်အခဲတွေကိုကျော်ဖြတ်ပြီး အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်သွားနိုင်ပါ့
မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ပရိတ်သတ်ကြီးကိုယ်တိုင် လိုက်ပါစီးမျော
ခံစားကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက Sci-fi/Fantasyအမျိုးအစားကိုမှ ကြည့်ရှုရတာ
ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်ကြီးအတွက် လက်မလွတ်စတမ်းကြည့်ရှုသင့်တဲ့
ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်