-
Movie Name
-
The Middleman’s Love (2023)
-
Year
-
2023
-
Generes
-
Drama, Romance
-
Code
-
ST0879
-
Type
-
Series
-
Size
-
2.15 GB
-
Country
-
Thai
-
Description
-
1-7 Completed
Jade"ဟာ ဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးအဖြစ် လုပ်ကိုင်နေသူတစ်ဦးပါ။သူက အမြဲတမ်း ကြားခံနယ်မှာပဲ ရှိနေသူပါ။ သူနဲ့အရင်းနှီးဆုံးလူတွေဖြစ်ကြတဲ့ သူ့ညီအစ်ကိုတွေ သူ့သူငယ်ချင်းတွေဟာ ချောမောကြတာကြောင့် သူတို့နဲ့ရင်းနှီးလိုကြသူတွေဟာ "Jade"ကနေ တစ်ဆင့် ရင်းနှီးအောင်လုပ်ကြပါတယ်။ "Jade"ဟာ ဒီအခြေအနေကြားမှာပဲ ရှိနေရင်း သူ့တည်ရှိမှုကို လက်မခံချင်ပေမဲ့ လက်ခံခဲ့ရပါတယ်။
သူ့နှလုံးသားထဲမှာ ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကို တည်ဆောက်ထားပါတယ်။အဲဒါကတော့ သူ့အနားက လူတွေနဲ့ရင်းနှီးချင်လို့သာ သူ့ကိုချဥ်းကပ်တာမျိုးမဟုတ်ဘဲ သူ့ကို စိတ်ရင်းမှန်နဲ့လာရင်းနှီးမဲ့သူကို မတွေ့မချင်း ရည်းစားမထားဘူးဆိုတာပါပဲ။
တစ်နေ့မှာတော့ သူ့အလုပ်မှာ "Mai"ဆိုတဲ့ အလုပ်သင်တစ်ယောက် ဝင်ရောက်လာခဲ့ပါတယ်။
"Mai"ဟာ ရုံးတွင်းက မိန်းကလေးတွေကြားမှာ ဆွဲဆောင်မှုရှိသူတစ်ယောက်အဖြစ် နာမည်ကျော်ကြားနေသူပါ။ "Jade"ဟာ "Mai"က သူနဲ့သူ့သူငယ်ချင်း"Uea"ကို မကြာခဏ စိုက်ကြည့်လေ့ရှိတယ်ဆိုတာ သတိထားမိခဲ့ပါတယ်။
"Mai"ဟာ "Uea"ကို စိတ်ဝင်စားနေတယ်လို့ ထင်သွားပြီး ကြားခံလူထပ်ဖြစ်တော့မယ်လို့ ထင်နေခဲ့ပါတယ်။ ဒါပေမဲ့ "Jade" မသိတာကတော့ "Mai"ရဲ့စိတ်အာရုံကို ဖမ်းစားထားသူဟာ "Uea"မဟုတ်ဘဲ သူကိုယ်တိုင်ပဲ ဖြစ်နေတယ်ဆိုတာပါပဲ။
သူတို့နှစ်ယောက်ရဲ့အချစ်ရေးလေးက ဘယ်လိုအလွဲလေးတွေနဲ့ကြုံတွေ့ရမလဲဆိုတာ ဒီဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုလိုက်ကြရအောင်နော်