Movie Name
Swathi Mutthina Male Haniye (2023)
Year
2023
Generes
Drama, Romance
Code
IND1047
Type
Movie
Size
1.13 GB
Country
Bollywood
Description
Swathi Mutthina Male Haniye (2023) နေဝင်ဆည်းဆာပရယ်ရာနာ IMDb-7.8/10 တလောကမှ စီအမ်ကတင်ဆက်ပေးထားတဲ့ တိုဘီလူမိုက်ကြီးကို ဒီတစ်ခါ ခေါင်းမာတဲ့ရောဂါသည်ဇာတ်ရုပ်နဲ့ မြင်တွေ့ရမှာဖြစ်ပါတယ် အနားမှာရှိတဲ့ လူတစ်ယောက်ရဲ့ဘဝနေဝင်ချိန်ကို ပြုစုစောင့်ရှောက်ပေးရတာ စိတ်နှလုံးဘယ်လောက်ပင်ပန်းရလဲသိကြမှာပါ ဘဝနိဂုံးချုပ်ဖို့ ၅ လတောင်မလိုတော့တဲ့လူနာပေါင်းများစွာကို အကြံပေးဆွေးနွေးနှစ်သိမ့်စောင့်ရှောက်ရတဲ့ ပရယ်ရာနာ…. လူနာတွေရဲ့ နာကျင်ကြေကွဲသံတွေ ကျန်ရစ်သူတွေအပေါ် စိတ်မချနိုင်တဲ့စိတ်တွေ နာကျင်လွန်းလို့ အမြန်အဆုံးသတ်ချင်သူတွေ ဒီလူတွေကို နေ့စဉ်နဲ့အမျှ အားပေးနေရတဲ့အပြင်.. သူ့ကိုယ်ပိုင်ဘဝမှာလည်း အထီးကျန်ရတာတွေ နွေးထွေးကြင်နာမှုမရတာတွေကိုကြုံတွေ့နေရသူ တစ်နေ့မှာတော့ သူတာဝန်ကျဆေးရုံကို ဘာအချက်အလက်မှမပေးချင် သေသွားရင်အလောင်းကို လမ်းပေါ်သာပစ်ထားလိုက်ဆိုပြီး လက်ကျန်ဘဝအတိုအစကို စီးကရက်တစ်လိပ်နဲ့ အတွေးကြားမျောရင်း ကုန်ဆုံးသွားချင်တဲ့လူနာတစ်ယောက်ရောက်လာခဲ့တယ် ဒီလူနာကို လက်ကျန်ဘဝလေးမှာ တန်ဖိုးရှိရှိဖြတ်သန်းနိုင်ဖို့ ကွယ်လွန်ပြီးနောက်ကောင်းကောင်းစီမံနိုင်ဖို့ ပရယ်ရာနာရင်ဆိုင်ရတော့တယ် ဒီနှစ်ယောက်ရဲ့တွေ့ဆုံမှုနဲ့ သူတို့ဘဝတွေ ၊ ရင်ဖွင့်သံတွေကြားက romance drama လှလှလေးတစ်ပုဒ်ကိုခံစားကြည့်ပါဦး ဒီကားက ရုံတင်ငွေသောက်သောက်လဲရပြီး ရီဗျူးပေါင်းသောင်းချီနေတာမျိုးမဟုတ်ပေမဲ့ ကြည့်မိတဲ့ပရိသတ်တိုင်းဆီက မှတ်ချက်ကောင်းလေးတွေရထားတာမို့ CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်