Movie Name
Shoot Em Up (2007)
Year
2007
Generes
Action, Thriller
Code
00714
Type
Movie
Size
898 MB
Country
Hollywood
Description
IMDb rating 6.7/10 ရရှိထားတဲ့ ကျွန်တော့်ရဲ့ (၉)ကားမြောက်ဘာသာပြန်ဇာတ်ကားလေးနဲ့အတူ ပရိတ်သတ်တွေဆီကိုအက်ရှင်ကားကောင်းတစ်ကားပို့ပေးလိုက်ပါပြီ။ ဒီဇာတ်ကားစထွက်တုန်းက ကျွန်တော်တော်တော်လေးကိုခိုက်ခဲ့ပါတယ်။ English စာတန်းထိုးနဲ့ကြည့်ခဲ့တဲ့ ကျွန်တော်နစ်သက်ခဲ့တဲ့ ဇာတ်ကားကောင်းလေးကို Channel Myanmar ပရိတ်သက်ကြီးတေတွ ကိုကြည့်စေချင်လို့ တင်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားလေးမှာတချိူ့နေရာလေးတွေကညစ်ညမ်းတဲ့စကား အများအပြားပါပါတယ်။ အဲဒါကိုကျွန်တော်က အဓိပါ္ပယ်လည်းသိပ်မလွဲအောင်ပရိတ်သတ်တွေလည်းနစ်သက်အောင်လို့ ဘန်းစကားလေးတွေနဲ့ရောပေးထားပါတယ်။ သေချာပါတယ် ဒီဇတ်ကားလေးကိုကြည့်ချင်နေတဲ့ သူတွေဒုနဲ့ဒေးရှိနေမှာပါ။ ဇာတ်လမ်းအကြောင်းလေးကို အနည်းငယ်မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအစမှာဗိုက်ကြီးသည်မိန်းကလေးတစ်ယောက်နဲ့စတင်ထားပါတယ်။ အဲမိန်းကလေးကဘယ်သူလဲ . . . ဘာလို့အဲဒီမိန်းကလေးကို လူတစ်စုကသတ်ဖြတ်ချင်နေရတာလဲ . . . မိန်းကလေးကိုကယ်တင်သည့်လမ်းပေါ်ကလူတစ်ယောက် . . . ထိုလူကကောဘယ်သူလဲမိန်းကလေးကိုကိုယ်တိုင်ကိုယ်ကျ ကလေးမွေးပြီးတဲ့နောက်ထိုမိန်းကလေး သေဆုံးသွားသောအခါ ထိုကလေးကိုဘယ်လိုလုပ်မလဲ၊ လူဆိုးတွေလက်ထဲထည့်ခဲ့မလား သွားလေရာမွေးကင်းစကလေးလေးကိုခေါ်သွားမလားစသဖြင့် ဇတ်လမ်းအစအလယ်အဆုံးပရိတ် သတ်တွေကိုဆွဲဆောင်သွားပါလိမ့်မယ်။ အခုပြောချင်တာတစ်ခုကတော့ အမြန်ဆုံးသာဒေါင်းကြည့်ကြပေတော့ဗျို့ ။ ( ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသာပေးသူက CM Team မှ Ko Soe Htwe ပဲဖြစ်ပါတယ်။)