-
Movie Name
-
Dead Ringer (လျှိဝှက်ဆန်းကြယ် မှုခင်းတစ်ခွင်) (2023)
-
Year
-
2023
-
Generes
-
Action, Crime, Drama
-
Code
-
SC0739
-
Type
-
Series
-
Size
-
8.62 GB
-
Country
-
China
-
Description
-
1-24 Completed
Dead Ringer (2023)
“လျှို့ဝှက်ဆန်းကြယ်မှုခင်းတစ်ခွင်”
မင်္ဂလာပါ ပရိသတ်ကြီးတို့ရေ~
ဒီတစ်ခေါက်မှာတော့ မှုခင်းကားကောင်းလေးတွေကိုကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးတို့အတွက် “Dead Ringer” ဆိုတဲ့အက်ရှင်မှုခင်းကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
🔎ဇာတ်လမ်းအညွှန်း🔎
ဟောင်ကောင်ရဲအရာရှိ ယွမ်ရှန့်ကျယ်ဟာ မသင်္ကာစရာအချက်တွေများနေတဲ့ပေါက်ကွဲမှုဖြစ်ရပ်တစ်ခုနောက်ကို စုံစမ်းဖို့အတွက်စင်ကာပူကိုရောက်လာပါတယ်။
သူ့ရဲ့ချစ်သူဖြစ်တဲ့အာမခံဝန်ထမ်းမလေး လျန်ရှီကလည်း ပျောက်ဆုံးနေပါတယ်။
အဲဒီအချိန်မှာပဲ စင်ကာပူအထူးရဲတပ်ဖွဲ့ရဲ့ အမျိုးသမီးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဝေ့ရှောင်ချန်ဟာ သူ့ရဲ့အထူးရဲတပ်ဖွဲ့ကိုဦးဆောင်ပြီး လူကုန်ကူးမှုအဖွဲ့အစည်းရဲ့အခြေစိုက်နေရာကိုဖျက်ဆီးဖို့သွားရင်း မမျှော်လင့်ဘဲ အမျိုးသမီးတစ်ဦးရဲ့အလောင်းကိုရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအမျိုးသမီးအလောင်းဟာ ရှောင်ချန်ရဲ့နှစ်ပေါင်းများစွာဝေးကွာနေခဲ့ရတဲ့အမြွှာညီမလေးဖြစ်နေခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ရှောင်ချန်ဟာ သူ့ညီမနေရာကိုအစားထိုးဝင်ပြီး ညီမဖြစ်သူရဲ့သေဆုံးမှုဖြစ်ရပ်မှန်ကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။
ယွမ်ရှန့်ကျယ်နဲ့ဝေ့ရှောင်ချန်တို့နှစ်ယောက်ဘယ်လိုမျိုးတွေ့ဆုံပြီး အမှုကိုဘယ်လိုအတူတူဖြေရှင်းဖော်ထုတ်သွားမလဲဆိုတာကိုတော့အတူတူစောင့်မျှော်ကြည့်ရှုကြရအောင်နော်~