-
Movie Name
-
Calling Sahasra (2023)
-
Year
-
2023
-
Generes
-
Crime, Horror
-
Code
-
IND1050
-
Type
-
Movie
-
Size
-
977 MB
-
Country
-
Bollywood
-
Description
-
Calling Sahasra (2023) “ခေါ်သံ”
IMDb 8/10
သွေးအိုင်ရဲရဲထဲက ပြတ်ကျနေတဲ့လက်တစ်စုံ အော်ဟစ်နေတဲ့လူတွေရဲ့အသံတွေနဲ့
တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ဒီလူတွေအော်ဟစ်သံကိုမြိန်ရေရှက်ရေနဲ့
နားသောတဆင်နေကြတဲ့လူ့အဖွဲ့အစည်းကလည်းရှိသကိုး
စာရင်းသွင်းပြီးမှသာဒီဝဘ်ဆိုဒ်ထဲဝင်ခွင့်ရှိတဲ့လူ့အဖွဲ့အစည်းတွေကိုခြေရာခံဖို့ကမလွယ်
သူတို့ကဒီဝဘ်ဆိုဒ်ကိုလူစီဖာလို့ခေါ်ကြသတဲ့
လူစီဖာရဲ့နှိပ်စက်ခန်းကနေ လွတ်မြောက်လာတဲ့လူတွေရှိပေမဲ့
ထရော်မာတွေများနေတာကြောင့်မေးမြန်းလို့မရတော့ ဘဲဥအစရှာမရဖြစ်နေကြတဲ့ပြည်သူတွေ..
အာဂျေးကတော့ အက်ပ်တီထွင်သူတစ်ဦးပါ သူ့ညီမဖြစ်သူက ရဲတွေကိုယ်တိုင်တောင်
လုပ်လာတဲ့သက်တမ်းတစ်လျှောက်ဒီလိုရက်စက်တဲ့လူသတ်မှုမျိုးမကြုံဖူးဘူးလို့ပြောရလောက်တဲ့အထိ
လူမဆန်စွာအသတ်ခံခဲ့ရလို့ တခြားမိန်းကလေးတွေပါဒီလိုဖြစ်မယ်စိုးပြီး ကယ်ဆယ်ရေးဆိုတဲ့အက်ပ်တစ်ခုတီထွင်နေသူပေါ့
ဟိုက်ဒရာဘတ်ကရုံးမှာတာဝန်ကျလို့ ဟိုက်ဒရာဘတ်ဆီပြန်လာရင်းနဲ့လမ်းမှာဆင်းကတ်ဝယ်မိပါတယ်
ဒီဆင်းကတ်ကိုရှုထောင့်မျိုးစုံက ရိုက်ပြထားတဲ့ရိုက်ကွင်းကြောင့် ဒီဆင်းကတ်ကဘာများဖြစ်နေမလဲ
သူ့ဘဝထဲဒီဆင်းကတ်ရောက်လာပြီးတော့မှ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့…