Movie Name
Tholvi F.C. (2023)
Year
2023
Generes
Comedy, Family
Code
IND1054
Type
Movie
Size
738 MB
Country
Bollywood
Description
Tholvi F.C.(2023) “တက်နိုင် ဖျားရောက်” IMDb – 8.4 တစ်နာရီကျော်အတွင်းမှာ အခက်အခဲကိုယ်စီနဲ့ ကျရှုံးနေရတဲ့ လူတွေရဲ့ဘ၀ကို ဟာသလေးနှောပြီးရိုက်ကူးသွားတဲ့ မလေယာလမ်းစကားပြော အိန္ဒိယရုပ်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Tholviဆိုတာ အရှုံးသမားတွေတဲ့။ ဘ၀မှာ ရင်ဆိုင်ကြုံတွေ့နေရသမျှ အခက်အခဲတိုင်းမှာ ရှုံနိမ့်နေကြရသူတွေပေါ့။ သေချာနေတဲ့အလုပ်ကို ပစ်ပြီး ကိုယ်ပိုင်ဆိုင်လေးကနေ ဆိုင်ခွဲတွေအများကြီးဖွင့်ဖို့အထိရည်ရွယ်ထားတဲ့သူ…။ Crypto Currencyကို အနာဂတ်အတွက်စိတ်ကူးယဉ်ပြီး ရှိသမျှပိုက်ဆံရင်းနှီးမြှုပ်နှံထားတဲ့သူ…။ ဘောလုံးသမားအိပ်မက်ကို အကြောင်းကြောင်းကြောင့် စွန့်လွှတ်လိုက်ရပြီး နည်းပြလုပ်နေတဲ့သူ…။ စာကြည့်တိုက်မှာ အလုပ်လုပ်ရင်း ၀တ္ထုတွေရေးပြီး စာအုပ်တိုက်တွေစီပို့နေတဲ့သူ…။ အရင်းအနှီးမရှိဘဲ ဇာတ်လမ်းတွေလိုက်ရှာရင်း ဒါရိုက်တာလုပ်ရုပ်ရှင်ဖန်တီးချင်တဲ့သူ…။ …စတဲ့ တစ်ခုခုကို ကြိုးစားနေကြရင်း ရှုံးနိမ့်နေကြတဲ့သူတို့တွေ။ သူတို့တွေရဲ့ ပတ်သက်ဆက်နွယ်မှုနဲ့ သူတို့ရဲ့ အရှုံးကို တွန်းလှန်နိုင်လိုက်မှာလားဆိုတာကိုတော့ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်ကြီးကပါ ကြည့်ရှုဝေဖန်ပေးကြပါဦးလားခင်ဗျ။