Movie Name
Sacred Tree Has Heart (ဆန်းကြယ်သောကံကြမ္မာ)(2023)
Year
2023
Generes
Fantasy, War
Code
SC0744
Type
Series
Size
12 GB
Country
China
Description
1-40 Completed Sacred Tree Has Heart ဆန်းကြယ်သောကံကြမ္မာ မင်္ဂလာပါ Souler လေးတို့ရေ~ ဒီတစ်ခေါက်မှာတော့ Souler လေးတို့အတွက် “Sacred Tree Has Heart” ဆိုတဲ့ဇာတ်လမ်းကောင်းလေးယူဆောင်လာပြန်ပြီနော် 💐ဇာတ်လမ်းအညွှန်း💐 ရွှယ်ဖုန်းတောင်ပေါ်မှာရှိတဲ့အမြတ်တနိုးထားရတဲ့ရှေးဟောင်းသစ်ပင်ကြီးမှာနေတဲ့ထိုက်ချူးနဲ့ ရွှယ်လော့မျိုးနွယ်ရဲ့သူတော်စင်မလေးဖြစ်တဲ့ရှင်းယွဲ့တို့ဟာ ဆန်းကြယ်တဲ့စွမ်းအားတွေကိုအသုံးပြုပြီး သုန်းလင်ဘုရင်ဖြစ်တဲ့ကွမ်းယဲ့ကိုကူညီပြီး လောကကြီးကိုလွှမ်းမိုးအုပ်စိုးနိုင်အောင်ထောက်ပံ့ပေးတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ နေရာတိုင်းမှာတိုက်ပွဲတွေဖြစ်ပြီး တိုင်းပြည်တိုင်းဟာလွှမ်းမိုးအုပ်စိုးနိုင်ဖို့အတွက်အပြိုင်အဆိုင်ဖြစ်နေကြတဲ့အချိန်မှာ သုန်းလင်တိုင်းပြည်အပြင် နန်းစောင့်မင်းသမီးနန်ချူနဲ့ ပေရုံဘုရင်အပါအဝင် တခြားမင်းသားတွေကလည်း အပြိုင်အဆိုင်အားနည်းချက်ကိုစောင့်ကြည့်ပြီး အချင်းချင်းအကွက်ဆင်အကောက်ကြံစည်မှုတွေကလည်းမရပ်တန့်ခဲ့ပါဘူး။ ထက်မြက်ပြီးအရည်အချင်းရှိတဲ့ သူတို့တွေအချင်းချင်းတွေ့ဆုံကြတဲ့အခါမှာတော့ စစ်ဗျူဟာကျွမ်းကျင်တဲ့ ဆန်းကြယ်တဲ့မင်းသားရှန့်ကွမ်းကျွေ့ ၊နယ်မြေရပ်ခြားအသီးသီးကစစ်တပ်အဖွဲ့ ၁၃ဖွဲ့ကိုဦးဆောင်တဲ့မုန့်ယီးလန်၊ အံ့ဩဖွယ်အကွက်တွေကိုထုတ်သုံးတတ်တဲ့ ယန်ရှစ်မုန့်ကျီး သူတို့တွေဟာတရားရုံးတော်ကိုဘယ်လိုနှောင့်ယှက်ဖျက်ဆီးမလဲ အလယ်ပိုင်းလွင်ပြင်ဒေသကို ဘယ်ဘုရင်ကလွှမ်းမိုးအုပ်စိုးနိုင်မလဲ ဆိုတာကိုတော့ အတူတူကြည့်ရှုလိုက်ကြရအောင်နော်