Movie Name
The Last Immortal (ကောင်းကင်ဘုံထက်က ရေစက်ကြမ္မာ) (2023)
Year
2023
Generes
Drama, Fantasy, Romance
Code
SC0746
Type
Series
Size
15.3 GB
Country
China
Description
1-40 Completed ဒီဇာတ်ကားလေးကတော့ Hidden Love , love like the Galaxy , Who rules the world စတဲ့ Hit ဖြစ်တဲ့ Drama တွေချည်းတန်းစီထွက်ထားပြီး သရုပ်ဆောင်ပိုင်းမှာ အနုရော အကြမ်းရောရတဲ့ နာမည်ကြီးမင်းသမီးလေး Zhao Lusi ရဲ့ ပထမဆုံး ရှန်းရှဇာတ်လမ်းဖြစ်ပါတယ် ။ မင်းသမီး Zhao Lusi ဦးဆောင်ပါဝင်ထားပြီး တွဲဖက်မင်းသားအဖြစ် မင်းသား Wang AnYu နှင့် တခြားသော နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်တဲ့ S+ ရှန်းရှ drama လေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းကတော့ Ancient Love Poetry ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ရှန့်ကူနဲ့ပိုင်ကျွယ်တို့ရဲ့သားလေး ယွင်ချီနဲ့ သူအပင်ပန်းခံမွေးထားတဲ့ ဝိဉာဥ်ရေသားရဲ‌လေး အားယင်တို့ရဲ့ အချစ် ၊ အမုန်း ၊ ဟာသ ၊ ပြဿနာများနှင့် ရသစုံဇာတ်လမ်းလေးလည်းဖြစ်ပါတယ် ။ အ‌ကြောင်းအရင်းအမျိုးမျိုးကြောင့် စွမ်းအားတွေချိတ်ပိတ်ခံထားရတဲ့ မင်းသားယွင်ချီ ၊ ဥကနေအကောင်ပေါက်လာတဲ့အားယင်တို့နဲ့အတူ မြေခွေးမျိုးနွယ်စုမှ မင်းသားလေး ဟုန်ရိ ၊ သိမ်းငှက်မျိုးနွယ်စုမှမင်းသမီးယန့်ရွှမ်တို့ အမတပစ္စည်းတစ်ခုကို အတူလိုက်ရှာဖို့အကြောင်းဖန်လာချိန်မှာတော့… ဝိဉာဉ်သားရဲသာဖြစ်‌ပေမဲ့ ထင်ထားတာထက် ပိုပြီးအစွမ်းထက်နေတဲ့အားယင်ရဲ့ ဇစ်မြစ်ကရောဘာများဖြစ်နေမလဲ ? မိစ္ဆာဘုံ ၊ လူ့ဘုံနဲ့ နတ်ဘုံတို့ရဲ့ အရှုပ်အထွေးတွေကြား ယွင်ချီတစ်ယောက် အားယင်ကိုကာကွယ်ရင်း သုံးလောကကိုရောဘယ်လိုကယ်တင်သွားမလဲ ? သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကရော ဘယ်လိုမျိုး ဝမ်းနည်းဖွယ် ၊ ကြည်နူးဖွယ် ရသစုံခံစားရမလဲဆိုတာကို The Last Immortal ဇာတ်လမ်းလေးကို အတူကြည့်ရင်း ယွင်ချီနဲ့အားယင်တို့ရဲ့ခရီးရှည်ကြီးကို အတူတူလိုက်ပါခဲ့ကြဖို့ ပရိတ်သတ်ကြီးကို ဖိတ်ခေါ်လိုက်ပါရစေ