-
Movie Name
-
Nothing But You (ရင်ခုန်သံချင်းထပ်တူ) (2023)
-
Year
-
2023
-
Generes
-
Drama, Romance, Sport
-
Code
-
SC0748
-
Type
-
Series
-
Size
-
20.7 GB
-
Country
-
China
-
Description
-
1-38 Completed
Nothing but you (2023) ရင်ခုန်သံချင်း ထပ်တူ💞 အတူရှိခဲ့ရတဲ့ အခိုက်အတန့်တွေဟာ မကြီးမားဘူးထင်ရပေမဲ့ ဒီတစ်ချက်တည်းနဲ့တင် မင်းဟာ တိုဘဝရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်မှန်းမသိ ဖြစ်လာခဲ့ရတယ် သူ(မ) နာမည်က Liang You An အရည်အချင်းပြည့်ဝတဲ့ အထက်တန်းလွှာအမျိုးသမီးတစ်ဦး မတည်မြဲတဲ့ ဘဝအလှည့်အပြောင်းတွေကြောင့် သူ့ဘဝရဲ့ ခက်ခဲပင်ပန်းတဲ့ ကာလ ကို ရင်ဆိုင်နေရသူလည်း ဖြစ်တယ် သူကတော့ Song San Chuan ကြက်တောင်ရိုက်အားကစားပွဲစဥ်မှာ ပါဝင်ခွင့်ရမဲ့ အချိန်တစ်ခုကို စောင့်ဆိုင်းနေရတဲ့ အားကစားသမားတစ်ဦး ကံကြမ္မာရဲ့ တွန်းပိုမှုကြောင့် သူတိုနှစ်ဦးဟာ မမျှော်လင့်ဘဲ တင်းနစ်အဖွဲတစ်ခုမှာ အဖွဲဝင်အဖြစ်နဲ့ တွေ့ဆုံမိခဲ့ကြတယ်..... အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်ကို လုံးဝပြောင်းလဲပစ်လိုက်တဲ့ ကလပ်မန်နေဂျာနဲ့ ကြက်တောင်ရိုက်အားကစားသမားဘဝကနေ တင်းနစ်ကစားသမားအဖြစ် ကူးပြောင်းလိုက်သူ ဘဝရဲ့ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကို ချခဲ့တဲ့ ဒီနှစ်ဦးဟာ သူတိုရဲ့ကလပ်ကို အကောင်းဆုံးဖြစ်လာအောင် ကြိုးစားပါတော့တယ် ဖြတ်သန်းခဲ့တဲ့ဘဝချင်းလည်း မတူသလို အသက်အရွယ်လည်း ကွာဟတဲ့ သူတိုနှစ်ဦးက ကြုံလာသမျှ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းကြရင်း သံယောဇဉ်တွေ တွယ်လာမိတဲ့အခါမှာတော့ ကိုယ်ပိုင်အတွေ့အကြုံတွေ ဝေမျှရင်း တစ်ဦးကို တစ်ဦး ဖေးမချစ်ခင်ကြမဲ့ မမနဲ့ မောင်လေး ထိပ်တန်းသရုပ်ဆောင် Wu Lei နဲ့ Zhou Yu Tong တိုက ဒီလို အသည်းယားဖွယ် မနဲ့မောင် အချစ်ဇာတ်လမ်းလေးကို ဘယ်လိုပုံဖော်ကြမလဲ ဆိုတာ Soulkingdom မှာ စောင့်မျှော်ကြည့်ရှုအားပေးလိုက်ပါ ဒီအညွန်းလေးကိုရေးသားသူကတော့ အိသူပါ