Movie Name
I Heard The Bells (2022)
Year
2022
Generes
Drama
Code
EN3763
Type
Movie
Size
618 MB
Country
Hollywood
Description
I Heard the Bells (2022) ================= ဒီကားလေးကတော့ သာမာန်ခရစ်စမတ်ကားလေးတွေနဲ့မတူပဲ ဖြစ်ရပ်မှန်ကားလေးကို Documentary ဆန်ဆန်ပြန်ရိုက်ထားတဲ့ ကားလေးဖြစ်ပါတယ်.. ဇာတ်လမ်းအကျဉ်းအနေနဲ့ ခရစ်စမတ်နဲ့ပတ်သတ်ပြီး ခရစ်ယာန်ဘာသာကလွဲပြီး လူသိနည်းတဲ့ တစ်ချက်ကတော့ ကျွန်တော်တို့ newyear တို့လို ည၁၂ ကျော်တာနဲ့ ခရစ်စမတ်နေ့ကိုရောက်တာမျိုးမဟုတ်ပဲ church ကျောင်းက ခေါင်း လောင်းထိုးမှသာ ခရစ်စမတ်နေ့ကိုရောက်တာဖြစ်ပါတယ်။ ဇာတ်ကား နာမည် I Heard The Bells ဆိုတာက ဒါကိုဆိုလိုထားခြင်းဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းအရာအနေနဲ့ကတော့ ခရစ်စမတ်နေ့မှာ သီဆိုရတဲ့ ခရစ်စမတ်သီချင်းတွေထဲက တစ်ပုဒ်ကို ရေးသားခဲ့တဲ့သူကတော့1800 ပြည့်နှစ်တွေရဲ့ ကမ္ဘာကျော် ကဗျာဆရာတစ်ယောက်ဖြစ်တဲ့ ဆရာကြီး Longfellow ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ဒီခရစ်စမတ်သီချင်းကို ဆရာကြီး Longfellow ဘယ်ဘယ်လိုခံစားချက်တွေကြောင့် ဖန်တီးဖြစ်ခဲ့သလဲဆိုတဲ့ အကြောင်း အရာကို ဖြစ်ရပ်မှန်အနေနဲ့ရိုက်ကူးပြသထားပေးတာပဲဖြစ်ပါတယ်။ သာမာန် ခရစ်စမတ်ကားတွေနဲ့ကွဲထွက်နေတဲ့အပြင် အနှစ်သာရရှိလှတဲ့ ဆရာကြီး Longfellow ရဲ့လက်ရာကဗျာလေးတွေကိုပါ တစိတ်တပိုင်း ထိတွေ့ခွင့်ရ မယ့်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်