-
Movie Name
-
Tejas (2024)
-
Year
-
2024
-
Generes
-
Action
-
Code
-
IND1058
-
Type
-
Movie
-
Size
-
1.33 GB
-
Country
-
Bollywood
-
Description
-
၂၀၂၃ မှာ ရုံတင်ခဲ့တဲ့ ကန်ဂနားမတ်မတ်ရဲ့ Tejas
လေသူရဲ ရုပ်ရှင် ဒီနေ့ပဲ ထွက်လာလို B-Town က
မြန်မာစာတန်းထိုးတင်ဆက်လိုက်ပါတယ်။ IMDb
rating 6.5 ရထားတဲ့ အမျိုးသမီးလေသူရဲကား
Tejas မှာ အဓိကသရုပ်ဆောင်ကိုတော့ မင်းသမီး
ကန်ဂနား နဲ့ မင်းသား Varun Mitra တိုက ပါဝင်
သရုပ်ဆောင်ထားပါတယ်။ အမိမြေကို သူပုန်တွေရန်
ကနေ အစွမ်းကုန်ကြိုးစားကာကွယ်တဲ့ လေသူရဲ
အမျိုးသမီးအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။
တီဂျက်စ်ဂေးလ်ဟာ လေကြောင်းလိုင်းကို အရမ်း
စိတ်ဝင်စားသူဖြစ်ပြီး လေတပ်သင်တန်းမှာတည်းက
စာအရမ်းတော်လို ယောက်ျားတပ်သားတွေနဲ့ ရင်ပေါင်
တန်းပြီး အမြဲထိပ်ဆုံးကနေပဲရပ်တည်ခဲ့ရသူပါ။ ဒါမဲ့
တီဂျက်စ်က အမိန့်မနာခံဘဲ ကိုယ့်သဘောနဲ့ ကိုယ်
လုပ်တတ်လိုလည်း အထဲက အမြဲအဆူခံရပါတယ်။
ဒါပေမယ့် တီဂျက်စ်စိတ်ထဲမှာတော့ အိန္ဒိယနိုင်ငံကို
လေတပ်အရာရှိအဖြစိ အမှုထမ်းပြီး ဂုဏ်တက်အောင်
လုပ်ချင်စိတ်ပဲရှိနေပါတယ်။ အိန္ဒိယနိုင်ငံကို ပါကစ္စတန်
ဘက်က ခါတွန်နီ ဆိုတဲ့သူခေါင်းဆောင်တဲ့ စစ်သွေးကြွ
အုပ်စုဟာ အိန္ဒိယနိုင်ငံကို အမျိုးမျိုး တိုက်ခိုက်လာတာ
၁၅ နှစ်ကျော်ကြာခဲ့ပါပြီ။ ခုလည်း အိန္ဒိယမှာကျင်းပတဲ့
ကမ္ဘာအနှံက လူတွေလာကြတဲ့ ဘုရားပွဲကို အသေခံဗုံးခွဲ
တိုက်ခိုက်ဖိုကြံစည်နေပါတယ်။ဒါကြောင့်လည်း နိုင်ငံကို
ကာကွယ်ဖို တီဂျက်စ်တို တာဝန်ကျလာပါတယ်။ တီဂျက်စ်
တစ်ယောက် ဂျက်လေယာဉ်နဲ့ အိန္ဒိယကို ကျူးကျော်လာမယ့်
ရန်သူတွေကို ဘယ်ချေမှုန်းမလဲဆိုတာကိုတော့....