Movie Name
The Story Of Park’s Marriage Contract (2023)
Year
2023
Generes
Drama, Romance
Code
SKR0943
Type
Series
Size
4.93 GB
Country
Korea
Description
1-12 Completed The Story of Park’s Marriage Contract (2023) ပရိသတ်ကြီးတို့ စောင့်မျှော်နေကြတဲ့ ဂျိုဆွန်းခေတ်နန်းတွင်းသူလေးရဲ့ Time Travel ကားလေးလာပါပြီ Bae In Hyuk နဲ့ Lee See Young ရဲ့ ဇာတ်ကားသစ်လေးပါ ၁၉ ရာစုနှစ် ဂျိုဆွန်းခေတ်မှာ ဘတ်ယွန်းဝူဆိုတဲ့ မိန်းမပျိုလေးနဲ့ ထိမ်းမြားလိုက်တဲ့ခင်ပွန်း ဖြစ်သူဟာ အဲဒီနေ့မှာပဲ နာတာရှည်နှလုံးရောဂါသည်ဖြစ်နေကြောင်း သိလိုက်ရပြီး သွေးအန်ပြီး ကွယ်လွန်သွားတဲ့အပြင် သူကိုယ်တိုင်လည်း ပြန်ပေးဆွဲခံရပြီး ရေတွင်းထဲကိုပစ်ချခြင်းခံလိုက်ရပါသတဲ့ သူပြန်နိုးလာတဲ့အချိန်မှာတော့ ၂၁ ရာစု ဆိုးလ်မြို့တစ်နေရာရဲ့ရေကူးကန်ထဲမှာ အချိန်ခရီးသွားပြီးရောက်နေပါပြီး သူ့ခင်ပွန်းနဲ့ရုပ်တူတဲ့ကောင်လေးကပဲ သူ့ကို ကယ်တဲ့သူဖြစ်နေပါသတဲ့ အဲဒီကောင်လေးက SH ဆိုးလ်ကော်ပိုရေးရှင်းရဲ့ အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်နေတဲ့အပြင် ငယ်စဉ်ကတည်းက နှလုံးရောဂါဝေဒနာကိုခံစားနေရသူတစ်ဦးပါ အချစ်ရေးရာကိုစိတ်ဝင်စားမှုမရှိခဲ့ပေမယ့် အဘိုးဖြစ်သူရဲ့နောက်ဆုံးဆန္ဒအရ အဘိုးဖြစ်သူမသေခင် လက်ထပ်ဖို့ကိစ္စဖြစ်လာတဲ့အခါမှာ သူအသက်ကယ်ခဲ့တဲ့ ဂျိုဆွန်းသူလေးကို စာချုပ်နဲ့လက်ထပ်ခွင့်တောင်းဖို့ဖြစ်လာပါတော့တယ် ဂျိုဆွန်းသူလေး ၂၁ ရာစုကိုရောက်လာပြီး ဘယ်လိုအရှုပ်တော်ပုံတွေဖြစ်လာမလဲဆိုတာကို အပတ်စဉ် သောကြာ စနေတိုင်း စိတ်ဝင်တစားစောင့်ကြည့်လိုက်ရအောင်နော်