-
Movie Name
-
27 Days Underground (2022)
-
Year
-
2022
-
Generes
-
Drama
-
Code
-
CN0844
-
Type
-
Movie
-
Size
-
530 MB
-
Country
-
China
-
Description
-
မိသားစုအခက်ခဲတွေကိုယ်စီနဲ့ စားဝတ်နေရေးကာမိအောင် မိုင်းတွင်းမှာအလုပ်လုပ်နေကြတဲ့ သူတို့…
တစ်နေ့မှာ မတော်တဆ မိုင်းတွင်းမှာမြေပြိုမှုဖြစ်ပြီး မီတာ၄၀၀နီးပါးရှိတဲ့
မိုင်းတွင်းအောက်ခြေတစ်နေရာမှာ သူတို့ညီနောင်ငါးယောက်လုံး ပိတ်မိနေပါတော့တယ်၊
ကယ်ဆယ်ရေးသမားတွေ စဉ်ဆက်မပြတ် ကယ်တင်ဖို့ ကြိုးစားပေမဲ့လည်း
သူတို့ပိတ်မိနေတဲ့နေရာက သာမာန်လှိုဏ်ဂူလေးတောင် မဟုတ်ဘဲ
တည်နေရာကိုတောင် ခန့်မှန်းမရတဲ့ မှောင်မိုက်၊လေထုချို့တဲ့ပြီး
သီးခြားကမ္ဘာကြီးတစ်ခုလိုဖြစ်နေတဲ့ မြေအောက်ကဥမင်တွင်းတစ်ခု ဖြစ်လို့နေပါတယ်
-“ထမင်းအသက်၇ရက် ရေ့အသက်တစ်မနက်”ဆိုတဲ့ဆိုရိုးစကားတွင်ခဲ့သလို
သူတို့ရော အရာအားလုံး ပြတ်လတ်နေတဲ့တွင်းနက်ကြီးထဲမှာ ရှင်သန်နိုင်ပါ့မလား
-ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ခက်ခဲလှတဲ့နေ့ရက်တွေကို ကုန်ဆုံးရင်း
ဘဝကိုရေစုန်မျှောလိုက်လေမလား~မျှော်လင့်ချက်နဲ့ပဲ ဆက်လက်ရုန်းကန်သွားမလား
-ဘယ်အရာတွေကရော သူတို့ငါးယောက်အတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်စေခဲ့တာလဲ
_မိသားစုလား၊သံယောဇဉ်လား၊ကိုယ်ချစ်တဲ့လူတွေအတွက်ပဲလား…
“မိုင်းတွင်းထဲက ငိုရှိုက်သံ”ဆိုတဲ့ရုပ်ရှင်မှာ လူ့ဘဝရဲ့လောကဓံတွေ၊အခက်ခဲတွေအပြင်
စည်းလုံးညီညွှတ်မှုနဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ လက္ခဏာရပ်တွေ ၊
အလုပ်သမားတွေရဲ့ဘဝကိုပါ ရှုထောင့်တစ်ခုကနေ သဘာဝဆန်ဆန်
ရိုက်ကူးပေးထားတာဖြစ်လို့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ခုဖြစ်တဲ့အတွက်
CMကနေ တင်ဆက်ပေးလိုက်ရပါတယ်ရှင့်။