Movie Name
Lotus Leaf Roof (ကြာရွက်တွေနဲ့မိုးတဲ့အိမ်) (2023)
Year
2023
Generes
Romance
Code
ST0883
Type
Series
Size
6 GB
Country
Thai
Description
1-24 Completed Lotus Leaf Roof (ကြာရွက်တွေနဲ့ မိုးထားတဲ့အိမ်) ၂၀၂၃ ထိုင်းပရိသတ်တွေအတွက် နောက်ထပ်အလောင်ကားဖြင့်မိတ်ဆက်ပေးချင်ပါတယ်။ လူ့ဘဝမှာရတာမလို လိုတာမရဆိုတဲ့အတိုင်း လူတိုင်းကကိုယ်ရရှိထားတဲ့ဘဝနဲ့ မတင်းတိမ်နိုင်ကြပါဘူး။ ဟိုဟာလိုတယ် ဒီဟာလိုတယ် ဟိုလိုဖြစ်ချင်တယ် ဒီလိုဖြစ်ချင်တယ်ဆိုတဲ့ လူ့ရဲ့သဘောသဘာဝက ကြီးမားလွန်းလှပါတယ်။ ဒီလိုဖြစ်ချင်တဲ့အရာတွေကြောင့် ပေးဆပ်လိုက်ရတဲ့အရာတွေလည်း များလွန်းလှပါသလို ကံမကောင်းအကြောင်းမလှဘဲ စိတ်ရဲ့အမှောင်ဘက်ခြမ်းကိုလည်းရောက်သွားတတ်ကြပါတယ်။ ဒီစီးရီးလေးမှာတော့ Simala ဆိုတဲ့ ကောင်မလေးတစ်ယောက်က အရမ်းချမ်းသာပြီး လူကုံထံအသိုင်းအဝိုင်း အိမ်ကြီးအိမ်ကောင်းမှာပဲနေချင်တာပါ။ တကယ့်ဘဝလေးကတော့ အိမ်ကမိုးယို အဖေကအကြွေးတွေတစ်ပုံကြီးနဲ့ ကောင်မလေးခင်ဗျာပင်ပန်းပြီးရုန်းထွက်ချင်နေတာပါ။ အဲလိုနဲ့ Simala တစ်ယောက် လူ့အသိုင်းအဝန်းကြားမှာ ချမ်းသာသလိုလိုဟန်ဆောင်ပြီး ဥစ္စာပေါရုပ်ချောလေးကိုလိုက်ရှာရပါတော့တယ်။ အဲလိုနဲ့ ဘယ်လိုလူမျိုးတွေနဲ့တွေ့မှာလဲ။ တွေ့တဲ့လူကရော Simala ဖြစ်ချင်တဲ့ပုံစံရောဖြစ်ပါ့မလား ဒီစီးရီးနဲ့အတူတူ လောင်လိုက်ကြရအောင်နော်။