Movie Name
Battle Through The Heaven S2 (ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်း) (2023)
Year
2023
Generes
Fantasy, Romance
Code
SC0752
Type
Series
Size
10.2 GB
Country
China
Description
1-34 Completed Fights Break Sphere (ကောင်းကင်ဘုံသို စစ်ပြိုင်ခြင်း) မင်္ဂလာပါ Souler လေးတိုရေ , ဒီနေ့ Souler လေးတိုဆီ သယ်ဆောင်လာပေးမဲ့ကားလေးကတော့ (2018)ခုနှစ်က ထွက်ရှိထားပြီးသား သိုင်းကားကောင်းလေးတစ်ခုဖြစ်တဲ့ "ကောင်းကင်ဘုံသို စစ်ပြိုင်ခြင်း" Fights Break Sphere ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ အသက်(၉)နှစ်အရွယ်မှာ သူမတူအောင် သိုင်းပညာပါရမီမှာ ထူးချွန်ထက်မြက်လှတဲ့ ရှောင်းယန်ဆိုတဲ့ကလေးဟာ သိုင်းလောကရဲ့အခြေအနေတစ်ခုကြောင့် မိခင်ဖြစ်သူအသတ်ခံလိုက်ရချိန်ကနေစလို သိုင်းပညာအရည်အချင်းတွေဟာ ရပ်တန့်သွားရခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်အတော်ကြာခက်ခဲစွာရှင်သန်ပြီး ရှောင်းယန်တစ်ယောက် တိုးတက်မလာတဲ့သိုင်းစွမ်းရည်ကြောင့် အဘက်ဘက်က ဝေဖန်ခံရတဲ့အပြင် ငယ်စဥ်ကလက်ဆက်ထားသူမိန်းကလေးရဲ့ မိသားစုဘက်ကနေပါ အထင်အမြင်သေးခံလာရတဲ့အထိဖြစ်ပြီး ရှောင်းမိသားစုရဲ့ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေတယ်ဆိုတဲ့ စွပ်စွဲမှုတွေပါခံလာခဲ့ပါတော့တယ်။ သိုပေမဲ့ ရှောင်းယန်အသက်(၁၅)နှစ်အရွယ်ရောက်ချိန်မှာတော့ မိခင်ဖြစ်သူမဆုံးပါးခင်ကပေးခဲ့တဲ့ လက်စွပ်ထဲကနေပြီး ဆန်းကြယ်မှုတစ်ခုကိုဆင့်ခေါ်လိုက်မိရာကအစ လက်ရှိအခြေအနေတွေကိုပြောင်းပြန်လှန်ပစ်လိုက်နိုင်ကာ သိုင်းပညာစွမ်းရည်တွေလည်း ပြန်လည်ရရှိလာချိန် သူ့အမေရဲ့သေဆုံးမှုအကြောင်းကို စုံစမ်းတဲ့အခါမှာတော့ ... ရှောင်းယန်တစ်ယောက် မိခင်ဖြစ်သူရဲ့ သေဆုံးမှုအဖြစ်မှန်ကိုရှာဖွေနိုင်သွားမလား ? သူ့မိခင်ကရော သိုင်းလောကရဲ့ ဘယ်လိုရှုပ်ထွေးမှုတွေကြားထဲမှာ မြေစာပင်ဖြစ်ခဲ့ရတာလဲ ? ငယ်စဥ်ကတည်းက သိုင်းပညာမှာပါရမီထူးခဲ့တဲ့ ရှောင်းယန်ရဲ့ သိုင်းစွမ်းရည်တွေကရော ဘာကြောင့်ရပ်တန့်ခဲ့ရတာလဲ ?