-
Movie Name
-
JFK - What The Doctors Saw (2023)
-
Year
-
2023
-
Generes
-
Documentary, Historical
-
Code
-
EN3809
-
Type
-
Movie
-
Size
-
766 MB
-
Country
-
Hollywood
-
Description
-
JFK: What The Doctors Saw (2023)
~ IMDb – 7.5/10, Rotten Tomatoes – 83% ~
Q: “ကနေဒီ” ကို ဘယ်သူသတ်သလဲ။
Me: “ကနေဒီ” ကို အမေရိကန်အစိုးရက သတ်လိုက်ပါတယ်။
ကျွန်တော်တို့တတွေ ဇာတ်ကားတွေတိုင်းမှာ ကမ္ဘာပျက်လုနီးအဖြစ်တွေကို ကယ်တင်နေကျ FBI အေးဂျင့်တွေ လျှို့ဝှက်ထောက်လှမ်းရေးသမားတွေက နိုင်ငံတော်အဆင့် လုပ်ကြံမှုကြီးကို စစ်တပ်နဲ့ တွဲဖက်ပြီး လုပ်ဆောင်ခဲ့တယ်ဆိုတော့ အဖြစ်မှန်က ဇာတ်ကားနဲ့ မတူဘူးလို့ပဲ ပြောရမလား။
ကနေဒီ ကို ပစ်သတ်ခဲ့တဲ့ သေနတ်သမား
“လီ ဟာဗေး အောက်စ်ဝဲလ်” ဆိုတာ နယ်ရုပ်လေးတစ်ခုပဲလား။
သေနတ်သမားတစ်ယောက်တည်းပါဆိုပြီး ကျားကျားမီးယပ်ပြောနေတဲ့ အစိုးရအဖွဲ့ဝင်တွေ ရင်ခွဲစစ်ဆေးခဲ့တဲ့ ရေတပ်က ဆရာဝန်တွေဟာ သမိုင်းတွင်လောက်တဲ့ အမှားအယွင်းကြီးကို ရိုးရိုးသားသားလုပ်မိတာလား၊ ဆန်းဆန်းပြားပြားလုပ်ခဲ့တာလား။
ယုတ်စွအဆုံး လုပ်ကြံမှုစုံစမ်းရေးအတွက် ဖွဲ့စည်းခဲ့တဲ့ ဩဇာတိက္ကိမရှိသူတွေပါဝင်တဲ့ ဝါရန် ကော်မရှင်ကလည်း ဒီပုတ်ထဲကဒီပဲ အရသာပဲထွက်လာတဲ့ ဟင်းတစ်ခွက်ပဲလား။
သမ္မတ ကနေဒီက သေနတ်ဒဏ်ရာ သုံးခုနဲ့ သေဆုံးခဲ့တယ်။ နောက်ကျော ပုခုံးညပ်ရိုးပေါ်မှာတစ်ခု၊ လည်ပင်းအရှေ့ဘက် လေပြွန်နားမှာတစ်ခု၊ ဦးခေါင်းညာဘက် ပွင့်ထွက်ဒဏ်ရာတစ်ခု။ ဒါပေမဲ့ လုပ်ကြံမှုစုံစမ်းရေးသမားတွေက ဦးခေါင်းကို ပြန်ချုပ်ပြီး အကောင်းပတိဟန်ပန်လုပ်၊ နောက်ကျောက ကျည်ဆံဝင် လည်ပင်းက ပြန်ထွက်ပါတယ်ဆိုပြီး ကျည်တစ်တောင့်တည်းသီအိုရီတွေပါ တွက်ပြလာတော့ အမှန်ကို သိတဲ့၊ ကနေဒီ မသေခင်မှာ ပြုစုကုသခွင့်ရလိုက်တဲ့ ပါ့ခ်လန်းဒ်ဆေးရုံက ဆရာဝန်တွေ ခေါင်းတစ်ခါခါဖြစ်ရတာပေါ့။
ဒါပေမဲ့ ဘယ်သူမှ တစ်ခွန်းမှ မဟရဲပါဘူးလေ။ ထောက်လှမ်းရေးသမားတစ်ယောက် အနားကပ်လာပြီး “ကိုယ့်လူ မဆိုင်တာတွေ ထင်ရာမြင်ရာ လျှောက်ပြောမနေနဲ့၊ ခင်ဗျားအကျိုးအတွက်ပြောတာ” ဆိုပြီး စေတနာဗရပွနဲ့ သတိပေးသွားတော့ အခုလက်ရှိအချိန်အထိ ရေငုံနှုတ်ပိတ်ကြပေါ့လေ။
ဒီတော့ ဒါဟာ လူကြီးမင်းတို့အနေနဲ့ သမ္မတကနေဒီ ဘယ်လိုဆုံးပါးခဲ့သလဲ… ဘယ်သူလုပ်ကြံခဲ့သလဲ… လုပ်ကြံသူကို ဖုံးဖိဖို့ အစိုးရအဖွဲ့ဝင်တွေ ဘယ်လောက် ကြိုးစားခဲ့ကြသလဲ… ဒီကြားထဲကမှ အဖြစ်မှန်က မလူးသာ မလွန့်သာ ရိုးတိုးရိပ်တိပ် ပေါ်လာပုံတွေကို ဗဟုသုတရဖွယ် ကြည့်ရှုရမယ့် ရုပ်သံမှတ်တမ်းတစ်ခုဖြစ်ပါကြောင်း။