Movie Name
U.S Marshals (1998)
Year
1998
Generes
Action, Crime, Thriller
Code
00729
Type
Movie
Size
1.33 GB
Country
Hollywood
Description
အဆိုးဆုံး ဝရမ်းပြေးတွေကို အကြမ်းဖက် လိုက်ဖမ်းပေးရတဲ့ အဖွဲ့အစည်း US Marshals….. ကား မတော်တဆမှုကနေ တဆင့် တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ အဖမ်းခံလိုက်ရတဲ့ ရှရင်ဒန် ၊ ရှရင်ဒန်ဟာ လူသတ်မှု နှစ်မှုအတွက် အလိုရှိနေတဲ့ အဆင်မြင့် အဖွဲ့အစည်းက ဝရမ်းပြေးတစ်ယောက်ပေါ့ ။ ရှရင်ဒန် ပတ်သက်နေတာ ဘယ်လိုအမှုမျိုးလဲ ။ တရုတ်လက်အောက်က ထိုင်ဝမ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ရုန်းကန်နေမှုမှာ အမေရီကန်က ကူညီမှု မှန်သမျှ သတင်းကို တရုတ်ကို ရောင်းစားတဲ့ သူလျှိုအမှုပေါ့ ။ အဲဒိအမှုမှာ ရှရင်ဒန်က အေးဂျင့် နှစ်ယောက်ကို သတ်လိုက်မိတယ် ။ ရှရင်ဒန်ကို ကားမတော်တဆမှု ကနေတဆင့် မိသွားတော့ နယူးယောခ့်ကိုပို့တယ် ။ လမ်းမှာ သူ့ကို နှုတ်ပိတ်အစဖျောက်ချင်တဲ့ အဖွဲ့အစည်းက သတ်ဖို့ ကြိုးစားရင်း လေယာဉ်ပျက်ကျပြီး ရှရင်ဒန် လွတ်မြှောက်သွားတယ် ။ ရှရင်ဒန်ကို ပြန်ဖမ်းမိဖို့အတွက် US Marshals အဖွဲ့ကို တာဝန်ပေးလိုက်တော့တယ် ။ mmbus ထို့အတူ အဆင်မြင့်အဖွဲ့အစည်းက အထူးအေးဂျင့် ရွိုင်းလည်း လိုက်ပါလာတယ် ။ US Marshals အဖွဲ့က ခေါင်းတောင် ဆမ် ( မင်းသားကြီး Tommy Lee Jones) နှင့် အထူးအေးဂျင့် ရွိုင်း ( Iron Man မင်းသား Robert Downey Jr ) ကတစ်ဘက် ပြသနာတစ်ခုကို ရှောင်နေတဲ့ လူသတ်ဝရမ်းပြေး ရှရင်ဒန် ( Blade မင်းသား Wesley Snipes ) နဲ့ တရုတ်သူလျှိုတွေ ကြားက ပြသနာကို ကြမ်းကြမ်းရမ်းရမ်း ရိုက်ပြသွားတဲ့ အက်ရှင် ဇာတ်ကြမ်းကောင်း တစ်ကားပါပဲ ။ ဘာသာပြန်ကတော့ Si Thu Htet ဖြစ်ပြီး အညွှန်းကိုတော့ Wai Linn Kyaw မှရေးသားပေးထားတာဖြစ်ပါတယ်)