Movie Name
HOPE (အရုဏ်ဦးရဲ့ မျှော်လင့်ခြင်းရောင်ခြည်) (2023)
Year
2023
Generes
Comedy, Drama
Code
SC0753
Type
Series
Size
15.6 GB
Country
China
Description
1-30 Completed “အရုဏ်ဦးရဲ့ မျှော်လင့်ခြင်းရောင်ခြည်” The Hope (鸣龙少年 2023) မင်္ဂလာပါ ပရိသတ်တို့ရေ ဒီတစ်ခါမှာတော့ ဂျပန်ရုပ်ပြကို အသက်သွင်းပုံဖော်ထားတဲ့ ကျောင်းသားဇာတ်လမ်းတွဲကိုမှ ဆရာနဲ့တပည့်ကြားက သံယောဇဉ်မေတ္တာတွေ မိသားစုမေတ္တာတွေ အိပ်မက်နောက်လိုက်ဖို့ ကြိုးစားရပုံတွေကို ရိုက်ကူးပုံဖော်ပေးထားတဲ့ လူငယ်ကျောင်းသားဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင့် 📚 ဇာတ်လမ်းအညွှန်း 📚 တစ်ချိန်တစ်ခါတုန်းက ထိပ်တန်းစာပြဆရာတစ်ဦးဖြစ်ခဲ့ဖူးတဲ့ Lei Ming ဟာ အထက်တန်းပြအလုပ်အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့လည်း ကျရှုံးခဲ့တဲ့သူပေါ့ သူ့ရဲ့အစီအစဉ်ကတော့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ ကျောင်းသားတွေကို မွေးမြူလေ့ကျင့်ပေးပြီးတော့ လူမသိသူမသိကနေ အောင်မြင်အောင်လုပ်ပေးဖို့ပါပဲ အင်္ဂလိပ်စာဆရာ Lei Ming နဲ့ စိတ်ပညာဆရာမ Sang Xiaတို့ ဦးဆောင်တဲ့ အထူးအတန်းဟာ ကျောင်းသားတွေရဲ့ကိုယ်စွမ်းကိုယ်စကို ရအောင် ကူညီပေးဖို့အတွက် တည်ထောင်ထားတဲ့အတန်းပါ Li Ranကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘမဲ့ဖြစ်ပြီးတော့ အဘွားနဲ့ပဲ ကြီးပြင်းခဲ့ရတဲ့ သာမန်ကျောင်းသားလေးတစ်ယောက်ပေါ့ Li Ranရဲ့အိပ်မက်ဖြစ်တဲ့ စက်ရုပ်ပညာသင်ကြားတဲ့ တက္ကသိုလ်ကို တက်နိုင်ဖို့အတွက် အဘွားဖြစ်သူက အလုပ်ကြိုးစားပမ်းစားလုပ်ခဲ့ပါတယ် ဒါပေမဲ့လည်း လူကုံထံမဟုတ်တဲ့ဆင်းရဲသားတွေအတွက် ကံဆိုးမနောက်မိုးလိုက်ရွာသလိုမျိုး Li Ran ရဲ့ အဓိကထောက်တိုင်ကြီးဖြစ်တဲ့ အဘွားက မကျန်းမမာဖြစ်လာပြီး Li Ranအတွက် အလုပ်ပင်ပန်းနေရတာကို မြင်တော့ Li Ran တစ်ယောက် အဘွားကိုဆေးကုပေးဖို့အတွက် ပိုက်ဆံရှာရန် ကျောင်းထွက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ဆရာLei Mingကလည်း ဘယ်ကျောင်းသားအပေါ်ကိုမှ လွယ်လွယ်နဲ့လက်မလျှော့တတ်တဲ့သူဆိုတော့ Li Ran ကျောင်းမထွက်အောင် အစွမ်းကုန်ကြိုးစားပါတော့တယ် ဒီလိုကြိုးစားလိုက်တော့ ဆရာLei Mingတစ်ယောက် အောင်မြင်စွာနဲ့ Li Ran ကိုကျောင်းမထွက်အောင် တားနိုင်မှာလား Li Ranကရော သူ့ရဲ့အိပ်မက်ဖြစ်တဲ့ စက်ရုပ်ပညာသင်ကြားတဲ့ တက္ကသိုလ်ကိုတက်နိုင်မှာလား Lei Ming နဲ့ Sang Xiaတို့ရဲ့ ဆန္ဒအတိုင်း လူတော်တွေကို မွေးထုတ်ပေးနိုင်မှာလားဆိုတာကို ဒီကားလေးမှာ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်နော်