Movie Name
Charlie And The Chocolate Factory (2005)
Year
2005
Generes
Adventure, Comedy, Family
Code
EN3817
Type
Movie
Size
933 MB
Country
Hollywood
Description
Charlie and the Chocolate Factory(2005) IMDb….6.7,,,,Rotten…82% ဝီလီဝန်ကာဟာ အကောင်းဆုံး ချောကလက်လုပ်တဲ့လူပါ…သူရဲ့ သူမတူတဲ့ချောကလက်လုပ်နည်းတွေကြောင့် လူတိုင်း သူ့ချောကလက်တွေကို နှစ်သက်ခဲ့ကြတယ်။ ဆိုင်ကလေးကနေ စက်ရုံကြီး တည်ထောင်နိုင်တဲ့အထိအကြီးအကျယ် အောင်မြင်ခဲ့တဲ့ ချောကလက်လုပ်တဲ့သူ ဖြစ်ခဲ့တယ်။အောင်မြင်မှုတိုင်းမှာ တန်ဖိုးဆိုတာ ရှိပါတယ်. …ဒီလိုနဲ့ သူရဲ့ အကျနေ့တွေရောက်လာခဲ့တယ်။ တခြား ချောကလက်လုပ်သူတွေဟာ ဝီလီရဲ့ နည်းတွေကို သူလျှိုထည်ပြီး ခိုးခဲ့ကြပါတယ်…ဝန်ကာဟာ သိပ်မကြာခင်မှာပဲချောကလက်စက်ရုံကို ထာဝရ ပိတ်သိမ်းလိုက်ပါပြီလို့ ကြေညာခဲ့ပါတယ်..။ ထာဝရဆိုတာ…အချိန်အကြာကြီးဆိုတာကို ပြောတဲ့ နာမ်စားတစ်ခုပါပဲ…လူတွေကတော့ ထာဝရ ပိတ်သွားပြီပဲ ထင်ခဲ့ကြပါတယ်…စက်ရုံထဲကချောကလက်တွေ ထွက်မလာခင်အထိပေါ့…..။ ပြန်မွေးဖွားလာတဲ့ဝန်ကာရဲ့ စက်ရုံနဲ့ အတူ ပဟေဠိတွေ ပေါ်ပေါက်ခဲ့ပါတယ်… စက်ရုံထဲမှာ ဘယ်သူတွေ အလုပ်လုပ်နေကြာတာလဲ… . မစ္စတာဝန်ကာရော ဘာဖြစ်သွားခဲ့တာလဲ….။စက်ရုံတံခါးကြီးကတော့ ပိတ်ဆဲ.. လူတွေလည်း အံ့သြမြဲ..တစ်နေ့မှာ တော့…နှစ်ပေါင်းများစွာ လူအဝင်မခံခဲ့တဲ့ သူရဲ့ ချောကလက်စက်ရုံကြီးထဲကို ဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ ဖိတ်စာကတော့ ရွှေရောင် လက်မှတ် ၅စောင် ဖြစ်ပြီး ဒီ လက်မှတ်တွေကို ချောကလက်တွေရဲ့ အခွံံအောက်မှာ ထည့်သွင်းထားပါတယ်။ ၅ယောက်ထဲက တစ်ယောက်ကိုလည်း အထူးဆု တစ်ခုပေးဦးမယ်လို့ ပြောခဲ့တယ်။ တစ်ကမ္ဘာလုံးက ကလေးတွေ… ဒီ လက်မှတ် ၅စောင်ကို မရမက ရှာနေတဲ့အချိန်..မြို့အပြင် အိမ်အစုတ်ကလေးက ချာလီဆိုတဲ့ ကောင်လေးနဲ့ သူ့မိသားစုကတော့ရင်ခုန်စွာနဲ့ပဲ ဘယ်သူရသွားတယ်ဆိုတဲ့ သတင်းတွေကို စောင့်မျှော်နေခဲ့ရတယ်..။ မထင်မှတ်ပဲ ရွှေရောင် လက်မှတ်တစ်ခုကို ရလိုက်တဲ့ ချာလီကလေးဟာ…. ဝန်ကာရဲ့စက်ရုံထဲ တခြားကလေး လေးယောက်နဲအတူ ဝင်ခွင့်ရခဲ့တယ်။ ဝီလီဝန်ကာရဲ့ ချောကလက်စက်ရုံထဲမှာ ဘာတွေဖြစ်ဦးမလဲအထူးဆု ဆိုတာရော ဘာလဲ။ ဘယ်သူ ရမှာလဲ။…ဒါတွေကိုစက်ရုံထဲ ဝင်ခွင့်ရတဲ့ ကလေး၅ယောက်နဲ့အတူ လိုက်ပါစီးမျောကြည့်လိုက်ပါ။ဇာတ်လမ်းအညွှန်းနဲ့