-
Movie Name
-
Soul Virginity (2023)
-
Year
-
2023
-
Generes
-
Crime, Drama, Fantasy
-
Code
-
EN3820
-
Type
-
Movie
-
Size
-
751 MB
-
Country
-
Hollywood
-
Description
-
Soul virginityရုပ်ရှင်ဟာ ဒါရိုက်တာYousef Ikhreisရဲ့ လက်ရာဖြစ်ပြီး ရုပ်ရှင်ကားတစ်ခုကို အပိုင်းငယ်၆ပိုင်းအဖြစ်တင်ဆက်ထားပါတယ်။ ထူးခြားတာက (၆)ကားလုံးဟာ သီးသန့်ခွဲထွက်မနေပဲ တစ်ခုနဲ့တစ်ခု အချိတ်အဆက်ရှိပါတယ်။
ဒီကားဟာ visually appealingဖြစ်တာထက်ကို thought-provoking(တွေးစရာ)ဖြစ်စေတဲ့ ကားမျိုးပါ။ အခု လောကကြီးမှာ ဖြစ်ပျက်နေတဲ့အမှန်တရားအချို့ကို ရောင်ပြန်ဟပ်ပြီး ကျန်တဲ့အပိုင်းကိုတော့ စာရေးဆရာဥာဏ်ကွန့်ထားတဲ့အတွက် fictionဆန်ပါတယ်။Low-budget filmဖြစ်ပေမဲ့ dialougeတော်တာ်ကောင်းပါတယ်။
Philosophical questionတွေအများကြီးပါပြီး မိမိတို့ရဲ့ နေ့စဥ်ဘဝတွေနဲ့ သိပ်မကွာတဲ့အခန်းတွေလည်းပါပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဒီကားကိုကြည့်ပြီး ခွန်အားယူသင့်တယ်လို့ စာရေးသူမြင်ပါတယ်။ တကယ်လို့ နာမည်ကြီး စတူဒီယိုတွေကသာ budgetထုတ်ပေးရင် Emmyလောက်တော့အသာလေးရနိုင်တယ်လို့ မြင်ပါတယ်။
နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ စကာတင် (၁၁)ခုဝင်ပြီး ဆုပေါင်း(၈)ဆုထားပါတယ်။ဒရမ်မာ၊ ဟော်ရာ၊ sci-fi၊ mysteryနဲ့ crimeစတဲ့ genreတွေကို သေသေသပ်သပ်ပေါင်းစပ်ထားတဲ့အတွက် ရသစုံအောင်ခံစားရမှာပါ။ဒီတော့ ကိုယ်တိုင်သာဝင်ကြည့်ပြီး ခံစားကြည့်လိုက်ပါ။