-
Movie Name
-
Let Me Have My Son (2023)
-
Year
-
2023
-
Generes
-
Drama
-
Code
-
EN3821
-
Type
-
Movie
-
Size
-
937 MB
-
Country
-
Hollywood
-
Description
-
ဒီဇာတ်ကားကတော့ 2023ကမှထွက်ထားပြီး ဖြစ်ရပ်မှန်အကြောင်းရိုက်ထားတဲ့ Dramaကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ စိတ်ကျန်းမာရေးဆေးရုံကိုရောက်နေတဲ့ သားအတွက် စိတ်မချနိုင်ဘဲ စိတ်သောကရောက်နေရရှာတဲ့ အဖေတစ်ယောက်အကြောင်းကို အဓိကထားပြီး ရိုက်ကူးပြထားတာပါ။
ဇာတ်လမ်းအညွှန်းကတော့ အငြိမ်းစားတစ်ယောက်ဖြစ်တဲ့ ဘင်ဂျမင်ဟာ စိတ်ကျန်းမာရေးဆေးရုံကိုရောက်နေတဲ့သားနဲ့ အရမ်းတွေ့ချင်နေသူပါ။ သူ့ဆန္ဒတွေပြည့်ဝတဲ့ တစ်ရက်မှာတော့ ထိုဆေးရုံကနေ ဘင်ဂျမင်ဆီကို ဖုန်းဆက်လာပါတယ်။ ထိုသို့ဖုန်းဆက်တာဟာ သူ့သားနဲ့တွေ့ပေးဖို့တင်မဟုတ်ပဲ သူ့သားက ဆေးရုံကဆင်းခွင့်ရပြီဖြစ်ကြောင်း၊ အိမ်ကိုပြန်ခေါ်သွားလို့ရပြီဖြစ်ကြောင်းဖုန်းဆက်တာပါ။
ဒီတော့ ဘင်ဂျမင်ဟာ အပျော်လွန်ပြီး ချက်ခြင်းပဲ စိတ်ကျန်းမာရေးဆေးရုံကိုထွက်လာပါတော့တယ်။ ဒါပေမဲ့ ဆေးရုံကိုရောက်တော့ သူ့သားကို လုံးဝရှာလို့မတွေ့ဘဲ ဘယ်ပျောက်လို့ပျောက်မှန်းမသိ ပျောက်သွားပါတယ်။ ဆေးရုံကလူတွေတောင် သူ့သားဘယ်ပျောက်သွားလဲဆိုတာကို လုံးဝမသိကြပါဘူး။ အဲဒီလိုနဲ့ သူဟာ သူ့သားကိုပြန်ရှာလို့တွေ့မှာလား? သူ့ကိုဖုန်းဆက်တာကရော တကယ့်ဆေးရုံကဆက်တာဟုတ်ရဲ့လားဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး။