Movie Name
You'll Never Walk Alone (2023)
Year
2023
Generes
Drama, Romance
Code
SC0754
Type
Series
Size
10 GB
Country
China
Description
1-28 COMPLETED နာမည်ကြီးကုမ္ပဏီတစ်ခုရဲ့ အရောင်းဌာနရဲ့ဒါရိုက်တာ ရှန်ဟိုင်းမြို့သူလေး ရှယွမ်၊ ချစ်သူဖြစ်တဲ့စုန့်ဟန်ယွီနဲ့ ၃နှစ်ကြာလက်တွဲခဲ့ကြပြီးနောက်မှာ ချစ်သူကိုလက်ထပ်ခွင့်တောင်းခဲ့ပေမယ့် ချစ်သူကတော့သူမကို အဆက်အသွယ်ဖြတ်ပြီး ခြေရာဖျောက်သွားခဲ့ပါတယ်။ စုန့်ဟန်ယွီ ဩစတြေးလျကိုသွားတယ်လို့သိသွားတဲ့ရှယွမ်တစ်ယောက် ဩစတြေးလျကိုလိုက်သွားပြီးရှာဖို့ပြင်ဆင်ခဲ့ပါတယ်။ အဖေ့ကုမ္ပဏီ ဒေဝါလီခံရပြီးနောက် ဩစတြေးလျကိုအလုပ်လုပ်ဖို့ရောက်လာတဲ့ ဟောင်ဝေ့လိုင်။ ရှန်ဟိုင်းမြို့မှာတွေ့ဆုံလ​က်ထပ်ပြီးကွာရှင်းခဲ့ကြတဲ့ ယဲ့စီးချီနဲ့ချောင်ပင်း။ ဘဝသစ်ကိုစတင်ချင်နေတဲ့ ခေါင်းမာတဲ့ ယဲ့စီးချီ။ ယဲ့စီးချီနောက် ဩစတြေးလျထိလိုက်လာခဲ့တဲ့ ချောင်ပင်း။ ရှန်ဟိုင်းမြို့ကအစပြုလို့ ဩစတြေးလျအထိရေစက်ပါလာကြတဲ့ ရှယွမ် ဟောင်ဝေ့လိုင် ယဲ့စီးချီ ချောင်ပင်းတို့လေးယောက်သား စိုက်ခင်းတွေ ရွက်လှေကုမ္ပဏီတွေ ပန်းခြံနဲ့တခြားနေရာတွေမှာအလုပ်လုပ်ကြရင်း ခိုင်မြဲတဲ့ သံယောဇဥ်ချည်နှောင်မိလာပါတော့တယ်။ လေးဦးသားအတူတူကြီးပြင်းရင့်ကျက်လာကြရင်း၊ အချင်းချင်းပြဿနာတွေကိုကူညီဖြေရှင်းပေးရင်း၊ ဘဝခရီးကိုအတူတကွရှေ့ဆက်ခရီးနှင်ကြတဲ့အကြောင်းကို စိတ်ဝင်စားဖွယ်ခံစား ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။