-
Movie Name
-
Thinker (Vivesini) (2023)
-
Year
-
2023
-
Generes
-
Thriller
-
Code
-
IND1081
-
Type
-
Movie
-
Size
-
847 MB
-
Country
-
Bollywood
-
Description
-
Vivesini 2023 (စူးစမ်းသံသရာ)
IMDb-8.4/10
သစ်ပင်တွေက ကိုယ့်ကိုယ်ကိုယ်ကာကွယ်တတ်တယ်ဆိုတာ ယုံပါသလား ခုတ်ဖြတ်ခံရမဲ့သူတို့ဘဝကို
ကယ်တင်ဖို့အတွက် ဘယ်လိုနည်းလမ်းတွေသုံးလဲဆိုတာသိရရင် ကြည့်ရှုသူတို့ယုံနိုင်မယ်မထင်
ဟိုးလွန်ခဲ့တဲ့ နှစ်၂၀၀လောက်တုန်းက တောအုပ်ထဲနေထိုင်တဲ့ မျိုးနွယ်စုတစ်စုရှိခဲ့တယ်
ငြိမ်းချမ်းစွာနေထိုင်ခဲ့ပေမဲ့ ရဲတွေရဲ့ နယ်မြေသိမ်းပိုက်လိုမှုကြောင့် ယောကျာ်းတွေဆိုဖမ်းဆီး
မိန်းမနဲ့ကလေးတွေဆိုနှင်ထုတ်ပြီး လက်ဝါးကြီးအုပ်ခဲ့တဲ့နှစ်တွေရှိခဲ့ဖူးပါတယ်
ဒီဖြစ်ရပ်ကိုကယ်တင်ခဲ့တဲ့လူတွေကတော့ အသက်၆၀နီးပါးရှိတဲ့ အဘွားကြီး၄ယောက်ပါ
မြင်းကိုယ်စီနဲ့ ကောင်းကင်ဘုံက နတ်ဘုရားမတွေလို လှံကိုကိုင်စွဲတွန်းလှန်ခဲ့ပြီး အသက်၁၁၀ထိတိုင်
ရှင်သန်သွားခဲ့ကြတယ် ဒီ၄ယောက်အဖြစ် သမုတ်ထားတဲ့ သစ်ပင်ကြီးလေးပင်က
ဒီတောအုပ်ကိုဆက်လက်စောင့်ရှောက်တယ်လို့လည်းဆိုစမှတ်ပြုကြပြန်တယ်။။။
(လက်ရှိကာလ)
ခေတ်နဲ့အညီပြုပြင်ပြောင်းလဲရေးသမားတွေနဲ့
အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ယုံကြည်မှုတွေ…
သရဲခြောက်တယ် မိန်းမတွေဝင်ခွင့်မရှိဘူးလို့ နာမည်ကြီးနေတဲ့တောထဲကို ဝင်ဖို့ပြင်ပြီးခါမှ
ဒဏ်ရာရသွားတဲ့ ဖခင်ဖြစ်သူကိုယ်စားတောထဲလိုက်စုံစမ်းရှာဖွေဖို့ တာဝန်ယူလိုက်ရတဲ့ ရှက်ခ်သီ
ဒီအရာတွေကိုအယုံအကြည်မရှိပေမဲ့ ဒဏ်ရာနဲ့ဖခင်ကြီးကိုမလွှတ်ရက်လို့ ကိုယ်တိုင်ဝင်လာခဲ့တဲ့ရှက်ခ်သီ
တောထဲရောက်ပြီး သူကြုံတွေ့ခဲ့ရတဲ့အရာတွေက သူခံယူထားတဲ့အရာတွေ ၊ ဆန့်ကျင်ထားတဲ့အမြင်တွေနဲ့ အလွဲကြီးလွဲနေတော့တယ်
ဟိုးအရင်တည်းကတည်ရှိနေခဲ့တဲ့ ထူးဆန်းအံ့ဩဖွယ်တွေနဲ့ တောနက်ကြီးထဲ လူငယ်တွေရဲ့
ရဲတင်းမှုတွေနဲ့ ဘယ်လိုအမှန်တရားတွေထွက်ပေါ်လာမလဲဆိုတာ သည်းထိတ်ရင်ဖိုရှုစားကြည့်ပါဦး