-
Movie Name
-
Wish (2023)
-
Year
-
2023
-
Generes
-
Animation, Comedy
-
Code
-
AN0665
-
Type
-
Movie
-
Size
-
730 MB
-
Country
-
Hollywood
-
Description
-
ဒစ္စနေးရဲ့ ဂီတကာတွန်းရုပ်ရှင်အသစ် ရပါပြီ။ Frozen ရဲ့ ဒါရိုက်တာ
Chris Buck ရိုက်ကူးထားပြီး အသံသရုပ်ဆောင်အနေနဲ့
West Side Story ထဲက Ariana DeBose နဲ့ Chris Pine တို့
ပါဝင်ထားပါတယ်။ ဇာတ်လမ်း သီချင်း ဖန်တီးမှု အားလုံးကောင်းတာမို့
မိသားစုလိုက်ရော ကလေးတွေအတွက်ရော တစ်ယောက်တည်း
အပန်းဖြေဖို့ရော အကုန်သင့်တော်တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
**************
တစ်ခါတုန်းက မဂ္ဂနီဖီကိုဆိုတဲ့လူတစ်ယောက်ဟာ မှော်ပညာကို
အသည်းအသန်လေ့လာခဲ့ပြီး ဆုတောင်းတွေကိုပါ ဖြည့်ပေးနိုင်တဲ့
အစွမ်းအထိပိုင်ဆိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်းတစ်ကျွန်းမှာ သူ့ဇနီး
အမာရာနဲ့အတူ ရိုဆက် ဆိုတဲ့ တိုင်းပြည်တစ်ခုတည်ထောင်ခဲ့ပြီး
လူအားလုံးကို လက်ခံထားခဲ့ပါတယ်။ အဲဒီကျွန်းက လူတွေဟာ
သူတို့အလိုချင်ဆုံး ဆုတောင်းတစ်ခုကို ဘုရင်ကြီးဆီမှာ အပ်ထားနိုင်ပြီး
ဘုရင်ကြီးက ဆုတောင်းတွေကို ကာကွယ်ပေးထားတဲ့အပြင်
တစ်လတစ်ခါ ထိုက်တန်သူတစ်ယောက်ရွေးပြီး ဆုတောင်းဖြည့်
ပေးပါသေးတယ်။ အားနည်းချက်အနေနဲ့ကတော့ ကိုယ့်ရဲ့အလိုချင်ဆုံး
ဆုတောင်းတစ်ခုကို အပ်ထားလိုက်ပြီးသွားရင် ကိုယ်အလိုချင်ဆုံး
အရာက ဘာလဲဆိုတာပါ မမှတ်မိတော့ဘဲ တစ်နေ့မှာ ဆုတောင်းပြည့်ဖို့
စောင့်နေရတော့တာပါပဲ။ ဒီလိုစောင့်နေတဲ့သူတွေထဲမှာ အားရှာဆိုတဲ့
မိန်းကလေးရဲ့ အသက် ၁၀၀ ပြည့်သွားတဲ့အဘိုးနဲ့အမေလည်း ပါဝင်
ပါတယ်။ အားရှာဟာ ဘုရင်ကြီးဆီမှာ ဆုတောင်းတွေနဲ့ပတ်သတ်တဲ့
အလုပ်ကို လက်ထောက်အဖြစ် လုပ်ခွင့်ရဖို့ သွားလျှောက်ရင်းနဲ့
ဒီဆုတောင်းတွေထဲက အများစုဟာ ဘယ်တော့မှ ဖြည့်ပေးတာမခံရမှန်း
သိလာပါတယ်။ အနည်းဆုံးတော့ ဆုတောင်းတွေ မပြည့်တော့ရင်တောင်
ကိုယ်အလိုချင်ဆုံးအရာကို ကိုယ်သတိရပြီး ကြိုးစားခွင့်ရှိဖို့ ထိုက်တန်
တယ်လို့ ယုံကြည်တဲ့ အားရှာဟာ ဘုရင်ကြီးဆီကနေ ဆုတောင်းတွေကို
ခိုးယူပြီး ပိုင်ရှင်တွေကို ပြန်ပေးဖို့ ကြိုးစားတဲ့အခါ…