-
Movie Name
-
Blossoms Shanghai (ပန်းမုန်တိုင်းလွှမ်းသော ရှန်ဟိုင်း) (2023)
-
Year
-
2023
-
Generes
-
Drama, Romance
-
Code
-
SC0756
-
Type
-
Series
-
Size
-
10.5 GB
-
Country
-
China
-
Description
-
1-30 COMPLETED
ပန်းမုန်တိုင်းလွှမ်းသော ရှန်ဟိုင်း သိုင်းကားချစ်သူတွေရဲ့အိုင်ဒေါကြီး Hu Ge ကို အားလုံးပဲလွမ်းနေလောက်ပြီလို့ ထင်ပါတယ် ဒီတစ်ခါမှာ Hu Ge ရဲ့ Blossoms Shanghai ဆိုတဲ့ အသစ်စက်စက်ထွက်ရှိလာတဲ့ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းအကျဉ်း 1990 ပြည့်နှစ်ကာလရဲ့ ရှန်ဟိုင်းမြို့ဟာ အခွင့်အလမ်းတွေများစွာနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုပါ ... တစ်ရက်တည်းနဲ့ ချမ်းသာတဲ့ လူကုံထံတစ်ယောက်ဖြစ်သွားနိုင်သလို တစ်ညတွင်းမှာ တစ်ပြားမှမရှိတော့အောင် ဆင်းရဲသွားရင်လည်း မထူးခြားတဲ့ မြို့တစ်မြို့လို့ ဆိုရမှာပါ အားပေါင်လို့ခေါ်တဲ့ တစ်ချိန်က သာမာန်လူငယ်လေးတစ်ယောက်ဟာ သူ့ရဲ့ကြိုးစားမှုကြောင့် ရှန်ဟိုင်းမြို့ရဲ့ စီးပွားရေးလောကမှာ ကြယ်တစ်ပွင့်ဖြစ်လာပြီး မြစ်ဝါမြစ်လမ်းပေါ်က လူတိုင်းက သူ့အကြောင်းကို သိကြပါတယ် တစ်နေ့မှာ Li Li လို့ခေါ်တဲ့ ထူးဆန်းတဲ့ အမျိုးသမီးတစ်ယောက် ထိုမြစ်ဝါမြစ်လမ်းရဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ရောက်ရှိလာတဲ့အချိန်ကစပြီး တစ်လမ်းလုံးဟာ သတင်းတွေနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့ပါတယ် ထိုအချိန်ကစပြီး သူဌေးပေါင်လို့ေခါ်ကြတဲ့ အားပေါင်ရဲ့ မူလကအောင်မြင်မှုတွေ စီတန်းနေခဲ့တဲ့ စီးပွားရေးလုပ်ငန်းဟာ လှုပ်ယိမ်းယိုင်နဲ့စပြုလာပြီး ပတ်ဝန်းကျင်မှာရှိတဲ့ သူသိခဲ့တဲ့သူတွေနဲ့ ဆက်ဆံရေးဟာလည်း အရာရာ စမ်းသပ်မှုတစ်ခုလို ဖြစ်လာတဲ့အခါ ... ပဟေဠိဆန်တဲ့ ပဋိပက္ခတွေနဲ့ စီးပွားရေးပြိုင်ဆိုင်မှုတွေကြားမှာ အားပေါင်ဟာ အရင်လိုပဲ အရာရာကို ဖြတ်ေကျာ်နိုင်ပါ့မလား? 1990 ခုနှစ်ကာလ ရှန်ဟိုင်းမြို့လေးရဲ့ အငွေ့အသက်ကို ခံစားရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်မလို့ Soulers လေးတို့ စောင့်မျှော်ကြည့်ရှုအားပေးဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်