Movie Name
Kahi De Ne Prem Chhe (2023)
Year
2023
Generes
Drama, Romance
Code
IND1085
Type
Movie
Size
936 MB
Country
Bollywood
Description
Kahi De Ne Prem Chhe (2023) “သာလိကာမလေးရဲ့ ချစ်ပုံပြင်” IMDb – 8.8/10 အိန္ဒိယရုပ်ရှင်ပရိသတ်တို့အတွက် အချစ်ဇာတ်လမ်းလေးတပုဒ် တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့က မျက်နှာသစ်တွေဆိုပေမဲ့ သွက်လက်ထက်မြတ်တဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ဇာတ်လမ်းမှာ မျောပါသွားစေမှာပါ။ အန်ဂျလီဆိုတဲ့ အမျိုးသမီးလေးက ရွာငယ်လေးကနေ မြို့ကြီးကိုတက်လို့ အလုပ်သွားလုပ်ဖို့ရာ စိတ်အားထက်သန်တဲ့သူလေး။ အဒေါ်ဖြစ်သူက DDLJထဲက ဆင်မရန်ဘ၀ထဲကို ရာ့ဂျ်ပါလာခဲ့သလို ပါလာပါလိမ့်မယ်တော်လို့ ပြောပေမဲ့ အဖေဖြစ်သူက သမီးဖြစ်သူဆန္ဒအတိုင်း မြို့ကြီးကို စေလွှတ်ခဲ့ပါတယ်။ အာဒီတယာဆိုတာ မြို့က ကုမ္ပဏီပိုင်ရှင်သူဌေးလေးတစ်ဦး။မိသားစုဆိုလို့ စိတ်သိပ်မပြည့်တဲ့ အစ်ကိုတစ်ယောက်ပဲရှိပြီး အစ်ကိုဖြစ်သူကိုပဲ ဂရုစိုက်ရင်း အချစ်တွေ အိမ်ထောင်ရေးတွေကို စိတ်မဝင်စားတဲ့သူ။ အာဒီတယာတို့ ညီအစ်ကိုနှစ်ယောက်တည်းရှိတဲ့ ဘ၀ထဲကို အန်ဂျလီလေး ဝင်လာတဲ့အခါမှာတော့။ အချစ်ကို အယုံအကြည်မရှိတဲ့ အာဒီတယာတစ်ယောက် ချစ်တတ်သွားမှာလား။ အန်ဂျလီကရော အာဒီတယာကို ချစ်တတ်အောင် သင်ပေးသွားမှာလားဆိုတာအပြင် ကြည်နူးစရာ ရင်နင့်စရာဇာတ်ကွက်များရယ်နဲ့ ခံစားကြည့်ရှုကြပါဦး။