-
Movie Name
-
Vehicle 19 (2013)
-
Year
-
2013
-
Generes
-
Action, Thriller
-
Code
-
00735
-
Type
-
Movie
-
Size
-
581 MB
-
Country
-
Hollywood
-
Description
-
Michael Woods ဟာ အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်ပြီး သူ့ဇနီးဟောင်းဖြစ်သူ Angie ကိုတွေ့ဖို့ တောင်အာဖရိကနိုင်ငံ Johannesburg ကို ရောက်ရှိနေပါတယ်။ သူစီးလာတဲ့ လေယာဉ်ကလည်း ပုံမှန်ထက်နောက်ကြပြီးမှ လေဆိပ်ကိုရောက်ခဲ့ပါတယ်။ လေဆိပ်ရောက်တော့ သူအသင့်ဌားထားတဲ့ ကားဆီကိုသွားပါတော့တယ်။ သူလိုချင်တာက Sedan ကားဖြစ်ပြီး သူ့ဆီရောက်လာတာကတော့ Minivan ကားဖြစ်လို့နေပါတယ်။ Angie ရှိတဲ့နေရာဆီ မြေပုံကြည့်ပြီး သွားနေတုန်း ကားပေါ်မှာဖုန်းတစ်လုံးတွေ့ပါတယ်။ ဖုန်းလာလို့ကောက်ကိုင်တာနဲ့ ဘယ်သူမှန်းမသိတဲ့သူဆီကနေဖြစ်နေပါတယ်။ ထို့နောက် ကားထဲမှာ သေနတ်တစ်လက်ပါ ထပ်တွေ့ပါတော့တယ်။ ထိုဖုန်းဆက်တဲ့သူက Michael ကားနဲ့ သူ့ကားနဲ့ မှားသွားတဲ့အတွက် သူချိန်းတဲ့နေရာဆီသွားပြီး ကားပြန်လဲဖို့ပြောတာနဲ့ Michael လည်းသဘောတူလိုက်ပါတော့တယ်။ သူကဧည့်သည်တစ်ယောက်မို့ ချိန်းတဲ့နေရာက ဘယ်မှာမှန်းမသိတာနဲ့ ဟိုမေးဒီမေး မြေပုံကြည့်ပြီးသွားနေရပါတော့တယ်။
သွားနေတုန်း ကားနောက်မှာ အချုပ်ခံထားရတဲ့ အမျိုးသမီးတစ်ယောက်ကိုတွေ့ပါတော့တယ်။ ဒီလိုနဲ့ Michael ဟာ ထိုပြဿနာကွင်းစထဲ ရောက်မှန်းမသိရောက်သွားပါတော့တယ်။ အချိန်မှား နေရာမှားရောက်သွားတဲ့လူတစ်ယောက်ပေါ့။
ထိုအမျိုးသမီးကဘယ်သူလည်း . . . . ။ သူတို့ ပြဿနာတွေကကော ဘာလည်း . . . . ။ Michael ကကော ဘယ်လောက်ထိပါဝင်ပက်သက်သွားမလည်း ဆိုတာတော့ ကြည့်ကြည့်ကြပါခင်ဗျာ။Michael အဖြစ် Paul Walker ကပါဝင်သရုပ်ဆောင်ထားပြီး . . ဇတ်လမ်းက ၈၄ မိနစ်ရှိပါတယ်။အက်ရှင်ကားကောင်းကောင်းကြိုက်သူတွေအတွက် Paul Walker ကို အလွမ်းပြေကြည့်ခွင့် ပြန်ရဦးမှာပါ