Movie Name
Badland Hunters (2024)
Year
2024
Generes
Action, Adventure, Drama
Code
KR0557
Type
Movie
Size
764 MB
Country
Korea
Description
Badland Hunters (2024) အားလုံးစောင့်မျှော်နေတာကြာပြီဖြစ်တဲ့ Concrete Utopia Universe ရဲ့အဆက်ဖြစ်တဲ့ Badland Huntersထွက်ရှိလို့လာပါပြီ။ ဇာတ်လိုက်ကျော်ကြီး မာဒုံဆော့ပါဝင်အားဖြည့်ထားတာဖြစ်လို့ ဘဲကြီးရဲ့actionတွေကို မျှော်နေသူတွေလည်း ဒီညအတွက်ကြည့်စရာရပြီပေါ့။ Concrete Utopia မှာတုန်းက ဆိုးလ်မြို့ငလျင်အကြီးအကျယ်လှုပ်ခတ်ပြီး စည်ကားတိုးတက်တဲ့ဆိုးလ်မြို့ နေချင်စဖွယ်‌ဆိုးလ်မြို့လေးကနေ နေ့ချင်းညချင်း ဖုန်းဆိုးမြေဖြစ်သွားပါတော့တယ်။ Post apocalyptic survival ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူနည်းစုပဲကျန်တဲ့ ပြည်သူတွေဟာ သဘာဝဘေးအန္တရာယ်တွေ မိုးခေါင်ရေရှား အစာရေစာရှားတဲ့ဘေးကနေ ခက်ခက်ခဲခဲရှင်သန်ဖို့ ကြိုးစားရပါတော့တာပေါ့။ Badland huntersကတော့ ဒီအဖြစ်ဆိုးကြီးအပြီး ၃-နှစ်တာကာလကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ၃ နှစ်တာအခက်အခဲကို ဖြတ်သန်းပြီးတဲ့နောက် သင်ခန်းစာတွေ အတွေ့အကြုံ‌တွေ လောကဓံအထုအထောင်းတွေလည်း အတော်လေးကြုံရပြီးပြီဖြစ်တဲ့ ပြည်သူတစ်စုကတော့ ဘတ်စ်ကားဝင်းလေးထဲမှာစုပြီး ရွာငယ်လေးတစ်ခုလို သိုက်သိုက်ဝန်းဝန်းနေထိုင်ကြတာပေါ့။ ဒီဖုန်းဆိုးမြေကြီးလို စားစရာသောက်စရာမရှိတဲ့နေရာမှာ လူတွေအားကိုးအားထားပြုနေရတာကတော့ ဇာတ်လိုက်ကျော်မုဆိုးကြီး နမ်ဆန်းကိုပါပဲ။ ဘယ်လိုအန္တရာယ်ကိုမှမမှုတဲ့ တုံးဆိုတိုက် ကျားဆိုကိုက်မယ့် လူကြမ်းကြီးနမ်ဆန်းရဲ့ ရင်နှစ်သည်းချာလေးကတော့ ငယ်စဉ်က သူကိုယ်တိုင်ကယ်ထားတဲ့ ယန်ဂီဆုဆိုတဲ့ကလေးမလေးရယ် သူ့ရဲ့လက်ထောက်ဂျီဝမ်နဲ့ ဘတ်စ်ကားဝင်းထဲကပြည်သူတွေပါပဲ။ နေစရာစားစရာတောင်မရှိတဲ့ကာလမှာ ဥပဒေဆိုတာ စေ့စေ့တွေးလို့ ရေးရေးတောင်မပေါ်နိုင်တဲ့အရာဖြစ်နေပြီဆိုတော့ သ‌ဘာဝဘေးကတစ်ဖက် လောဘသား လူမိုက်တွေကတစ်ဖက် ဒီကြားထဲက သူအလေးထားတဲ့အရာတွေကို နမ်ဆန်းတစ်ယောက် ကာကွယ်သွားနိုင်မလားဆိုတာ CMနဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။