-
Movie Name
-
The Outwaters (2022)
-
Year
-
2022
-
Generes
-
Horror, Sci-Fi, Thriller
-
Code
-
EN3844
-
Type
-
Movie
-
Size
-
1.26 GB
-
Country
-
Hollywood
-
Description
-
Found-footage အမျိုးအစားဝင် ၂၀၂၂ ခုနှစ်ထွက် အမေရိကန် horror ရုပ်ရှင်ကားတစ်ကား တင်ဆက်ပေးချင်ပါတယ်။
ပုံမှန် horror ရုပ်ရှင်ကားပုံစံထက် မှတ်တမ်းဗီဒီယိုရုပ်သံကို ပြန်ခံစားရတဲ့ မှတ်တမ်းဇာတ်လမ်းပုံစံမျိုး တမူထူးခြားတဲ့ ရသကိုခံစားမိရမှာပါ။ Horror ကားဆိုပေမယ့် Nope (2022) တို့လို အစပိုင်းမှာ sci-fi ဆန်ဆန်ဆွဲခေါ်သွားပြီး ဇာတ်လမ်းတစ်ဝက်အကျော်မှသာ horror ရသကို သွေးသံရဲရဲနဲ့အပြည့်အဝခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ကုန်ကျစရိတ် ဒေါ်လာ ၁၅,၀၀၀ ဝန်းကျင်သာသုံးထားပေမယ့် Rotten tomatoes မှာ rating 74% ထိရပြီး ဆုအနေနဲ့လည်း ၂၀၂၂ ခုနှစ် Unnamed Footage Festival နဲ့ Dead of night film featival မှာ Best feature ဆုတွေရထားတာဖြစ်လို့ အောင်မြင်တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ သရုပ်ဆောင် Robbie Banfitch ကိုယ်တိုင် ရေးသားရိုက်ကူး ပါဝင်သရုပ်ဆောင်ထားပြီး အခြားသရုပ်ဆောင်များကတော့ Angela Basolis၊ Michelle May၊ Scott Schamell၊ Leslie Ann Banfitch၊ Christine Brown နဲ့ Aro Caitlin တို့ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့
ကယ်လီဖိုးနီးယားတောင်ပိုင်း မိုဟာဗီးသဲကန္တာရထဲမှာ သီချင်းဗီဒီယို outdoor ရိုက်ကွင်းရိုက်ဖို့သွားတဲ့ သူငယ်ချင်းလေးယောက် ရော်ဘီ၊ အန့်ဂျ်၊ စကော့တ်နဲ့ မစ်ရှယ်လ်တို့အကြောင်းဖြစ်ပါတယ်။ ဇာတ်ရဲဌာနကို ဖုန်းခေါ်တိုင်ကြားတဲ့အသံနဲ့ memory card တစ်ခုကို ရဲဌာနက စစ်ဆေးကြည့်ရှုတဲ့မြင်ကွင်းနဲ့ ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ရော်ဘီနဲ့ စကော့တ်က ညီအစ်ကိုတွေဖြစ်ပြီး အဆိုတော်ပေါက်စဖြစ်တဲ့ မစ်ရှယ်လ်အတွက် သီချင်းဗီဒီယိုရိုက်ကွင်းသွားဖို့ ခရီးထွက်ကြပါတယ်။ အစပိုင်းမှာ ပြသနာမရှိပေမယ့် မိုဟာဗီးသဲကန္တာရထဲမှာ စခန်းချတဲ့အချိန်မှာ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေ၊ သဘာဝအတိုင်းမဟုတ်တဲ့ အသံဗလံတွေကြားလာရပါတယ်။ စခန်းချတဲ့ဒုတိယညမှာ မိုးချုန်းသံလိုလိုဘာလိုလိုအသံနဲ့ ထူးထူးဆန်းဆန်းလေသံတွေကြားလို့ စကော့တ်နဲ့ ရော်ဘီတဲပြင်ထွက်ကြည့်မိရာကနေ သူတို့လေးယောက်အတွက် နောက်ပြန်မလှည့်နိုင်မယ့် ကံဆိုးမိုးမှောင်ကျမှုနဲ့ ဖြစ်ရပ်ဆန်းတွေကို ကြုံတွေ့လိုက်ကြရပါတော့တယ်။