-
Movie Name
-
Vidhi (2023)
-
Year
-
2023
-
Generes
-
Crime
-
Code
-
IND1089
-
Type
-
Movie
-
Size
-
787 MB
-
Country
-
Bollywood
-
Description
-
Vidhi (2023) “ကံတရား”
IMDb – 8.6/10
Death Noteမဟုတ်တဲ့ Death Penပါ။
ခုလိုပြောလိုက်လို့ ပေါကားလို့ထင်သွားစရာဆိုပေမဲ့
ပေါကားမဟုတ်ဘဲ သေချာလေး စေတနာထားရိုက်ကူးတင်ဆက်ထားတာကို
တွေ့မြင်ကြရမှာပါ။
ဆူရီယာဆိုတာ ရိုးသားပြီး အပြစ်ကင်းစင်တဲ့ကောင်လေးတစ်ယောက်။
‘ကမ္ဘာကြီးဆိုတာ လှပါတယ် ဒါပေမဲ့ မြေခွေးလိုကောင်တွေနဲ့ ဝိုင်းနေတာ
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ရိုးသားမှုကိုတော့ လက်မလျော့လိုက်နဲ့နော်…’ဆိုတဲ့
ချစ်ခင်ရသူတစ်ဦးရဲ့ နောက်ဆုံးစကားကြောင့်ပဲ
အကောင်းဆုံးကြိုးစားရှင်သန်နေထိုင်ပါတယ်။
သားမိနှစ်ယောက်တည်းရှိတဲ့ဘ၀မှာ အကြွေးနွံနစ်နေတာကြောင့်
ချစ်သူရှိရာမြို့လေးဆီ အလုပ်လုပ်ဖို့တက်လာခဲ့ပါတယ်။
ကြုံတဲ့ဆန်စက်မှာ ဝင်လုပ်ပေမဲ့ သူ့ကိုနောက်ဆုံးပြောသွားခဲ့တဲ့စကားလို
မြေခွေးတွေဝိုင်းနေတဲ့လောကကြီးကို နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရပါတော့တယ်။ တစ်ရက်…
လမ်းမှာကောက်တွေ့တဲ့ ရွှေရောင်ဘောပင်လေးကို ပြန်ရောင်းစားမယ်ဆိုတဲ့စိတ်နဲ့ သိမ်းထားရာကအစ။
အမှန်တရားနဲ့ ကလဲ့စားကြားက မျဉ်းပါးပါးလေးကို သူဘယ်လိုအသုံးချရှင်သန်သွားမလဲဆိုတာ။