Movie Name
Vendetta
Year
2015
Generes
Action, Sci-Fi
Code
00737
Type
Movie
Size
710 MB
Country
Hollywood
Description
ကဲ ရုပ်ရှင်ချစ်သူတွေ အတွက် စိတ်ဝင်စား စရာ ဇာတ်ကားလေးတစ်ကား လာပါပြီဗျာ။ Big Show ဆို မသိတဲ့ လူ တော်တော် နည်း ပါတယ်။ ငယ်ငယ် တုန်းတည်းက ရင်းနှီးပြီးသား နပန်း သမား ကြီးပါ။ The Rockတို့ကို အားကျလို့ ထင်ပါရဲ့။ သူလည်းရုပ်ရှင်ဘက်ကို ခြေ ချ လာပါတယ်။ ဇာတ်ကားကလည်း သရုပ်ဆောင်တွေကို ကြည့်ရုံ နဲ့ ကြမ်းမယ့် ဇာတ်ကားဆိုတာ သိသာနေပါတယ်။ သူတတ်နိုင်တဲ့ အတိုင်းအတာတွေထက် ကျော်လွန်ပြီး လုပ်ရပစေ လက်စားချေခွင့်သာရမယ်ဆိုရင် ဘယ်အရာကြောင့်မှ နောက်မဆုတ်ဘူး ဆိုတဲ့ ထောက်လှမ်းရေးအရာရှိ တစ်ယောက် ရဲ့ ဇာတ်လမ်းပါ။ ဇနီးဖြစ်သူ ကို ရာဇဝတ်သား တစ်ယောက်က သတ်လိုက်ပြီးနောက်ပိုင်းမှာ သူဟာ ရည်ရွယ်ချက် ရှိရှိနဲ့ ပြစ်မှုတစ်ခု ကျူးလွန်ပြီး ထောင်ထဲကို ဝင်လိုက်ပါတယ်။ ရည်ရွယ်ချက်က တစ်ခုတည်း။ သူ့မိန်းမကို သတ်ခဲ့သူကို ထောင်ထဲကငရဲခန်းဆီ အရှင်လတ်လတ် ပို့ပေးဖို့ပါ။ ထင်ထားသလောက် မရိုးရှင်းတဲ့လူ့လောက ကြီးမှာ သူဟာ ထောင်တွင်းက ဒုစရိုက်ညွန့်ပေါင်းအဖွဲ့ကြီးရဲ့ အနံ့ကို ရသွားပြီး သူ့ရဲ့ပစ်မှတ်တွေ များပြားလာပါတယ်။ လက်စားချေမှု ရယ် ဒုစရိုက်အဖွဲ့ကြီးကို ဖြိုခွင်းဖို့ရယ်။ ထို ထောက်လှမ်းရေးအရာရှိလေး တတ်နိုင်ပါ့မလား ဘယ်လို စီစဉ်မလဲ ဆိုတာ စိတ်ဝင်စားဖို့ကောင်းသလို အက်ရှင်ကားပီပီ အထိုးအကြိတ် အတိုက်အခိုက်တွေနဲ့ ကြည့်ရှုသူတွေကို အားရစေမှာပါ။