-
Movie Name
-
Our Interpreter (မင်းဖော်ညွှန်းတဲ့ ချစ်ခြင်းအဓိပ္ပါယ်) (2024)
-
Year
-
2024
-
Generes
-
Drama, Romance
-
Code
-
SC0759
-
Type
-
Series
-
Size
-
13.6 GB
-
Country
-
China
-
Description
-
ဇာတ်လမ်းအညွှန်း
ဒီဇာတ်လမ်းလေးကတော့ ဘာသာပြန်လောကမှာ "စုန်းမလေး" လို့ လူသိများတဲ့ လင်ရှီး (Victoria Song)ဟာ ရည်းစားဟောင်းဖြစ်သူ ရှောင်းယိချန် (Chen Xing Xu)နဲ့ လမ်းခွဲပြီး ၈ နှစ်အကြာမှာ လုပ်ငန်းခွင်ထဲမှာ ပြန်တွေ့ကြပြီး အချစ်တွေပြန်လည်ပေါက်ဖွားလာတဲ့ ဇာတ်လမ်းလေးပါ။
လွန်ခဲ့တဲ့ ၈ နှစ်က လင်ရှီးဟာ မိခင်ဖြစ်သူရဲ့ သူမကို UN အဖွဲ့အစည်းမှာ ကျွမ်းကျင်ဘာသာပြန်တစ်ယောက်ဖြစ်စေချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ရည်းစားဖြစ်သူ ရှောင်းယိချန်နဲ့ လမ်းခွဲခဲ့ပါတယ်။
၈နှစ်ကြာပြီးတဲ့နောက်မှာတော့ လင်ရှီးဟာ Huasheng မှာအသက်အငယ်ဆုံးဘာသာပြန်ချုပ်ဖြစ်လာခဲ့သလို ရှောင်းယိချန်ကတော့ ဆက်သွယ်ရေးကုမ္မဏီတစ်ခုရဲ့ နည်းပညာအရာရှိချုပ်ဖြစ်လာခဲ့ပြီး လင်ရှီးအတွက် အလားအလာရှိတဲ့ Client တစ်ယောက်ဖြစ်နေခဲ့ပါတယ်။
ရှောင်းယိချန်နဲ့ လုပ်ငန်းစာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် ရည်းစားဟောင်းနဲ့ ပြန်ပတ်သက်ရမယ့်ကိစ္စမှာ လင်ရှီးအတွက် ရွေးချယ်စရာမရှိခဲ့ပါဘူး။
ရှောင်းယိချန်ဟာ လင်ရှီးကို အလုပ်အတူတွဲလုပ်ဖို့ လက်ခံခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၈နှစ်က လမ်းခွဲခံခဲ့ရတဲ့ကိစ္စကို မကျေမနပ်ဖြစ်ပြီး လက်စားပြန်ချေချင်နေသေးတာပါ။
လင်ရှီးတစ်ယောက် လွန်ခဲ့တဲ့ ၈ နှစ်က ရှောင်းယိချန်ကို လမ်းခွဲခဲ့တဲ့ အကြောင်းရင်းမှန်ကို ဘယ်တော့မှ ပြောပြမှာလဲ
အလုပ်အတူတူတွဲလုပ်ကြရင်း သူတို့နှစ်ဦးကြားမှာ အချစ်တွေ ဘယ်လိုပြန်လည်ပေါက်ဖွားလာကြမလဲဆိုတာတော့ ဒီဇာတ်လမ်းတွဲလေးမှာ ကြည့်ရှုအားပေးကြပါဦးနော်