Movie Name
A Girl In My Room (2022)
Year
2022
Generes
Fantasy, Romance
Code
EN3851
Type
Movie
Size
1.03 GB
Country
Hollywood
Description
A Girl In My Room (2022) ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ A girl in my room ဆိုပြီး 2022ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးဟာဆိုရင်တော့ လူသားကောင်လေးနဲ့ သူ့အခန်းထဲမှာပေါ်လာတဲ့သရဲမလေးတို့ရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြပေးပါမယ်နော်။ Yohei က နှစ်နှစ်လောက်တွဲခဲ့တဲ့ သူ့ကောင်မလေးကိုထားခဲ့ခြင်းကိုခံခဲ့ရပါတယ်။ Yoheiရဲ့ကောင်မလေးထွက်သွားပြီးတဲ့ညမှာပဲ သူ့အခန်းထဲမှာ သရဲမလေးပေါ်လာခဲ့ပါတယ်။ သရဲမလေးက အသက်ရှင်နေခဲ့တဲ့အချိန်တုန်းက အချစ်ကိုတစ်ခါမှမခံစားခဲ့ဖူးတဲ့ကောင်မလေးဖြစ်နေပါတယ်။ စစချင်းမှာတော့ Yoဟာ သရဲမလေးကိုနှင်ထုတ်ဖို့အတွက်ကြိုးစားခဲ့ပေမဲ့ သူ့ကိုအန္တရာယ်မပေးတဲ့အတွက်နှင်ထုတ်ဖို့ကြိုးစားတာကိုရပ်လိုက်ပြီး တဖြည်းဖြည်းရင်းနှီးလာရာက တစ်ခါမှမချစ်ခဲ့ဖူးတဲ့သရဲမလေးဟာ Yo ကို သံယောဇဉ်တွေတွယ်လာခဲ့ပါ‌တော့တယ်။ တစ်ရက်မှာတော့ Yoရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Kana ဟာ Yo ရဲ့အိမ်မှာ သရဲရှိနေတယ်ဆိုတာကိုသိပြီး အဒေါ်ဖြစ်သူအကြားမြင်ဆရာမဆီကိုသွားပြီးတော့ မေးကြည့်ကြဖို့ Yoကို တိုက်တွန်းခဲ့ပါတယ်။ Yoကတော့ သရဲမလေးဟာ သူ့ရဲ့နာမည်ကိုတောင်မမှတ်မိတဲ့အတွက် သူ့အကြောင်းကိုနည်းနည်းဖြစ်ဖြစ်သိနိုင်မလားဆိုပြီးတော့ Kana ရဲ့ အကြံဉာဏ်ကိုလက်ခံပြီး အကြားမြင်ဆရာမဆီကိုသွားခဲ့ပေတဲ့ အကြားမြင်ဆရာမဟာ Yo အိမ်ကသရဲမလေးကိုဘာလုပ်လိုက်မှာလဲ။ သရဲမလေးက Yo အိမ်ကနေထွက်သွားရပြီး Yoနဲ့ခွဲသွားရမှာလားဆိုတာကိုတော့ အားလုံးက ဇာတ်ကားလေးကိုပဲစောင့်ကြည့်လိုက်ကြပါတော့နော်။