-
Movie Name
-
The Crazy Dad (2024)
-
Year
-
2024
-
Generes
-
Action, Drama
-
Code
-
CN0853
-
Type
-
Movie
-
Size
-
1.27 GB
-
Country
-
China
-
Description
-
ကျွန်တော့ဘဝတစ်ခုလုံးရဲ့ပြိုင်ဘက်တွေကို ကြိုးဝိုင်းထဲမှာပဲတွေ့ရမယ်ထင်ခဲ့တာ..
နောက်မှနားလည်ခဲ့တာက ကိုယ်တိုင်အတွက်အသန်မာဆုံးပြိုင်ဘက်က ဘဝဆိုတာကိုပဲ ”
ဒီဇာတ်ကားလေးကတော့ အရမ်းကိုမှနာမည်ကြီးကျော်ကြားခဲ့တဲ့
လက်ဝှေ့ချန်ပီယံချန်ဖုန်းတစ်ယောက် လမ်းပေါ်က
မတော်တဆရန်ပွဲလေးကြောင့် ဘဝပျက်ပြီးထောင်ထဲ
ရောက်သွားခဲ့ရတဲ့အကြောင်းပဲဖြစ်ပါတယ် ။
Slice of life ဇာတ်လမ်းမျိုးကြိုက်တတ်တဲ့ပရိသတ်ကြီးတို့
အကြိုက်တွေ့စေမဲ့ဇာတ်လမ်းကောင်းလေးလည်းဖြစ်ပါတယ် ။
ဇာတ်လမ်းအကျဉ်းလေးအနေနဲ့
လက်ဝှေ့ချန်ပီယံချန်ဖုန်းဟာ လမ်းပေါ်ကရန်ပွဲတစ်ခုကြောင့်
ဘဝပျက်ပြီးထောင်ထဲဝင်ခဲ့ရပါတယ် ။ သူထောင်ကျတဲ့အချိန်
အပြင်ဘက်မှာကျန်ခဲ့တဲ့ ချစ်သူဆီမှာ ကိုယ်ဝန်ကျန်ခဲ့ပါတယ် ။
ဒီလိုနဲ့ အရာရာကျရှုံးနေပြီလို့ထင်ခဲ့တဲ့ ချန်ဖုန်းတစ်ယောက်
သမီးလေးကြောင့် မျှော်လင့်ချက်ရောင်ခြည်လေးပြန်ရှိလာခဲ့ပြန်ပါတယ် ။
ဒါပေမဲ့ သူထောင်ကထွက်လာတဲ့အချိန်မှာ သမီးလေးက
သူ့ကိုအသိအမှတ်မပြုတဲ့အပြင် ထောင်ထွက်တစ်ယောက်ဖြစ်နေလို့ မုန်းပါမုန်းနေတဲ့အခါ….
သူသမီးလေးအတွက် ဘယ်လိုမျိုး ရူးရူးသွပ်သွပ်ကြိုးစားသွားမလဲ ?
သမီးလေးဆီက အသိအမှတ်ပြုမှုကို ရအောင် ဘယ်လိုတွေ
ရင်ဆိုင်ကျော်ဖြတ်သွားရမလဲဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်ရှင် ။