Movie Name
Sapta Sagaradaache Ello Side B (2024)
Year
2024
Generes
Action
Code
IND1092
Type
Movie
Size
1.73 GB
Country
Bollywood
Description
ဆန်ဂျေးဒတ်နဲ့ မာဒူရီးရဲ့တကယ့်လက်တွေ့ဘဝကlove story နဲ့ ပါးပါးလေးဆင်တူပြီး IMDbrating 8.9 ရထားတဲ့ ရိုမန်တစ်ကား SaptaSagaradaache Ello အပိုင်း ၁ ကို မနှစ်ကB-Town မှာ ဘာသာပြန် တင်တုံးကဇာတ်လမ်းထပ်ထွက်ဉီးမှာလား မေးကြတဲ့ ပရိသတ်တွေအတွက်အပိုင်း ၂ ဒီကနေ့ပဲထွက်လာလို မြန်မာစာတန်းထိုးပြီးတင်ဆက်လိုက်ပါတယ်။ ဒီကားလေးက အချစ်ပုံဆောင် စံပြတစ်ခုပဲလိုပြောရင်မမှားနိုင်ပါဘူး။ လူတွေဟာ အချစ်ကို အမျိုးမျိုးတင်စားကြတယ် အချစ်က ရယူခြင်း၊ အချစ်ကပေးဆပ်ခြင်း၊ အချစ်ဆိုတာ စွန့်လွှတ်အနစ်နာခံခြင်းစသဖြင့်ပေါ့ တကယ်တော့ အချစ်ဟာ သိပ်ကိုနူးညံ့ပါတယ်။ဒီဇာတ်ကားထဲကအတိုင်း အဓိပ္ပါယ်သတ်မှတ်မယ်ဆိုရင်တော့ အချစ်ဆိုတာ ကိုယ်ချစ်ရတဲ့သူပျော်ရွှင်ဖိုအတွက် ဘာမဆို လုပ်ဆောင်ပေးခြင်းပါပဲ။ ကိုယ့်ချစ်သူအတွက်ဆို သူပျော်ရွှင်ရဖိုက အဓိကဦးစားပေးတစ်ခုပဲ။ သာမာန်လူလတ်တန်းစားဖြစ်တဲ့ မန်နူးဟာ သူ့ချစ်သူပရီရာကို ရွှေပေါ်မြတင် သူဌေးလို ပင်လယ်ကမ်းခြေမှာဘန်ဂလိုနဲ့ ထားချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖိုအတွက် ကြိုးစားရင်း ထောင်ကျသွားပါတယ်။ မာနူး ထောင်ကျတော့ ပရီရာကို relationship ရပ်တန့်လိုက်ဖို ဖိအားတွေရှိလာပြီးဘေးကျပ်နံကျပ်ဖြစ်လာခဲ့ပါတယ်။ မန်နူး ဘာကြောင့် ဘယ်သူကြောင့်ထောင်ကျ သွားတာလဲ။ ပရီယာက မာနူးကို သစ္စာရှိရှိ ဆက်စောင့်မှာလား။ သူတိုရဲ့ တူနှစ်ကိုယ်အမြဲဆိုတဲ့အိပ်မက်လေးပြည့်ဖို ဘယ်လိုတွေ ရုန်းကန်ကြမလဲဆိုတာကိုတော့... ဒီရုပ်ရှင်က သိပ်ကိုနူးညံ့လွန်းတယ်။ မျက်ရည်တွေလည်း စိုရပါတယ် ဒီဇာတ်ကားလေးထဲက မန်နူးဆိုတဲ့ကောင်လေးရဲ့အချစ်ကို ပရိသတ်ကြီးလည်းခံစားရင်း သူ့လိုမျိူးအချစ်မျိုးနဲ့ချစ်နိုင်ကြပါစေလို ဆန္ဒပြုလိုက်ပါတယ်။