-
Movie Name
-
Onde Mande (2023)
-
Year
-
2023
-
Generes
-
Comedy, Drama, Family
-
Code
-
OT0155
-
Type
-
Movie
-
Size
-
733 MB
-
Country
-
Others
-
Description
-
Onde Mande / The Prize (2023)
Drama ချစ်ပရိသတ်တို့ အကြိုက်တွေစေမယ့် အင်ဒိုမိသားစုဟာသရုပ်ရှင်လေးတစ်ကားဖြစ်တဲ့ Onde Mande(ဆုငွေ)ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
လူသူအရောက်အပေါက်နည်းတဲ့ တောင်ကြားထဲမှာရှိတဲ့ ရွာငယ်လေးတစ်ရွာက ဆုမဲပေါက်သွားတဲ့လူတစ်ယောက်ရဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။
မီနန်သားတွေဟာ ကိုယ့်ရဲ့အမိမြေကို သိပ်ချစ်ကြတဲ့သူတွေပေါ့။
ဘယ်သူတွေဘာပြောပြော ဘဝနဲ့ရင်းပြီး ကိုယ့်မြေကိုချစ်တဲ့မီနန်သားတွေက
မိုးပြိုရင်တောင်မှ ကိုယ့်ရဲ့နေရပ်ကို စွန့်ခွာကြမယ့်သူတွေမဟုတ်ပါဘူး။
ဒီလူတွေထဲမှာ အန်ကူဝမ်ဆိုတဲ့ အဘိုးကြီးလည်း အပါအဝင်ပေါ့။
အန်ကူဝမ်ဟာ ခေါင်းမာပြီး စိတ်ဓာတ်ပြင်းတဲ့သူတစ်ယောက်၊
အငြိမ်းစားကျောင်းဆရာပီပီ အရာရာကို စာအုပ်ကြီးလိုလုပ်တတ်တဲ့သူ့ကို တော်ရုံလူက သည်းမခံနိုင်ပါဘူး။
ငယ်စဉ်ကတည်းက သူ့အရိပ်အောက်မှာ ကြီးပြင်းလာခဲ့တဲ့ အမ်ကလွဲလို့ပေါ့။
အန်ကူဝမ်ဘယ်လောက်ပဲ ခေါင်းမာတယ်ပြောပြော မန်နင်ဂျောရွာလေးကို ချစ်တဲ့နေရာမှာတော့ အန်ကူဝမ်ကို ဘယ်သူမှမမီကြပါဘူး။
မိန်းမနဲ့သားဖြစ်သူက ရွာကိုစွန့်ပြီး ဂျကာတာမြို့ပေါ်ပြောင်းသွားတာတောင် ရွာကိုချစ်လွန်းလို့နေရစ်ခဲ့ပြီး
ကျောင်းဆရာဆက်လုပ်ခဲ့တဲ့ အန်ကူဝမ်ရဲ့ ရွာအပေါ်ထားတဲ့အချစ်ကို ဘယ်သူကများ မေးခွန်းထုတ်ရဲမှာလဲ။
မန်နင်ဂျောရွာရဲ့ အသက်သွေးကြောဖြစ်တဲ့ ရေကန်ကြီးက ၁၅ နှစ်တစ်ခါ ကန်အောက်ခြေက ကန့်တွေတက်လာပြီးတော့
ငါးတွေအဆိပ်သင့်ပြီး တစ်ရွာလုံး ဒုက္ခရောက်တတ်ကြပါသတဲ့။
ဒါကိုမြင်နေတဲ့အန်ကူဝမ်တစ်ယောက် ရွာပြုပြင်ပြောင်းလဲရေးအတွက် ရည်စူးပြီး မဲထည့်နေရင်းကနေ ၂ ဘီလီယံဆုကြီးပေါက်သွားပါတော့တယ်။
တစ်ယောက်တည်း ပီတိဖြာရင်း အစီအစဉ်တွေအကောင်အထည်ဖော်ဖို့ ပြင်ဆင်ထားချိန်မှာ
အန်ကူဝမ်တစ်ယောက် ဆုကြေးမထုတ်ရခင် သူသိပ်လုပ်ချင်ခဲ့တဲ့ ရွာပြုပြင်ပြောင်းလဲရေး
မန်နင်ဂျောရေကန်ကိုမမှီခိုရတဲ့ စီးပွားရေးလုပ်ငန်းတည်ထောင်ရေးကို လုပ်ခွင့်မကြုံလိုက်ခင် ဆုံးပါးသွားပါတော့တယ်။
ဒီတော့ အန်ကူဝမ်ကို အဖေလိုသဘောထားတဲ့အမ်က ဦးဆောင်လို့
အန်ကူဝမ်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကြိုးစားကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။