Movie Name
Garadi (2023)
Year
2023
Generes
Comedy
Code
IND1095
Type
Movie
Size
1.71 GB
Country
Bollywood
Description
Garadi (2023) “ချန်ပီယံ” IMDb – 8.8/10 နပန်းနှစ်သက်တဲ့ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်အတွက် ကန်နေဒါနပန်းရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဆိုရီနဲ့ ရှန်ကာရာဆိုတဲ့ညီကိုနှစ်ယောက်က ချန်ပီယံနပန်းသမားတို့မွေးထုတ်ပေးတဲ့ မြို့ရဲ့ ဂုဏ်သတင်းကြီးတဲ့ အိမ်တော်မှာ နေကြတယ်။ ဘယ်သူမှယှဉ်လို့မရပါဘူးဆိုတဲ့ မြို့တော်ရဲ့ နာမည်ကျော်နပန်းသမားကြီးက ဆိုရီတို့ရဲ့အဖေ နပန်းသမားကြီးကြောင့်နဲ့ မတော်တဆသေဆုံးသွားတဲ့နောက်မှာ ဆိုရီတို့အဖေကို လူသတ်သမားလို့တံဆိပ်ကပ်ခံရပြီးနောက် လက်သည်မပေါ်ဘဲ အသတ်ခံလိုက်ရပါတော့တယ်။ မျိုးရိုးအစဉ်အလာအတိုင်း အဖေနပန်းသမားကြီးလိုပဲ သားကြီးဖြစ်တဲ့ ရှန်ကာရာ အရွယ်ရောက်လာချိန်မှာတော့ မြို့ဂုဏ်ကိုဆောင်မဲ့ ချန်ပီယံကြီးဖြစ်ဖို့ ဖိုင်နယ်ပွဲစဉ်မထိုးသတ်ခင်မှာ မတရားမှုကို ငြိမ်မခံနေတဲ့အတွက်ကြောင့်နဲ့ပဲ လူသတ်သမားရဲ့သားက လူသတ်သမားပဲဖြစ်မယ်ဆိုပြီး နပန်းနည်းပြဆရာကြီးက အိမ်တော်ကနေရော မြို့ကနေပါနှင်ထုတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ ညီငယ်ဖြစ်သူ ဆိုရီတစ်ယောက် နပန်းလေ့ကျင့်သင်ကြားရာနေရာမှာ လက်တိုလက်တောင်းလုပ်ရင်း တစ်ယောက်တည်း ကျန်နေခဲ့ပါတော့တယ်။ နပန်းကို ရူးရူးမူးမူးစွဲလန်းပေမဲ့ အဖေနဲ့အစ်ကိုဖြစ်သူလို ရာဇဝတ်သားဖြစ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သင်ပေးခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ ဆိုရီတစ်ယောက် အရူးအမူးစွဲလန်းရတဲ့ နပန်းပညာကို တိတ်တဆိတ်လေ့ကျင့်လာခဲ့တဲ့နောက်မှာ…၊ အဖေဖြစ်သူကို သတ်သွားတဲ့ နောက်ကွယ်ကလူတစ်စုနဲ့ အကြောင်းရင်းကို သိရှိသွားချိန်မှာတော့…။