Movie Name
Katamarayudu (2017)
Year
2017
Generes
Action, Comedy
Code
IND1097
Type
Movie
Size
1.47 GB
Country
Bollywood
Description
Katamarayudu (2017) “ဒုတိယမြောက် ရင်ခုန်သံ” Pawan Kalyan နဲ့ Salaar ကားထဲက မင်းသမီးချော ရုရူသီတို့ ပါဝင်ထားတဲ့ တေလဂူး Action/Drama ကားဟောင်းလေးတစ်ကား တင်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ရွာတစ်ရွာမှာ ကာတာမာရာယူဒူက သူ့ရဲ့ညီ ၄ ယောက်နဲ့ အတူ နေထိုင်ပါတယ် မကောင်းမှုကို လက်မခံဘဲ သူ့ကိုပြဿနာရှာတဲ့သူကို မှတ်လောက်သားလောက်အောင် ဆုံးမတတ်တဲ့ ရွာက နာမည်ကြီးလူမိုက်ဖြစ်ပါတယ် သူတို့မိသားစုရဲ့ ရှေ့နေဖြစ်သူ လင်ဂါက သူတို့ရဲ့ရန်ပွဲက ဖြစ်တဲ့ ကိစ္စအဝဝကို ဖြေရှင်းပေးရပြီး တစ်ရွာလုံးမှာလည်း ကာတာမာကို သွားထိလို့မရတဲ့ လူတစ်ယောက်အဖြစ် သတ်မှတ်ထားကြတာပါ ဒါ့အပြင် အစ်ကိုကြီး ကာတာမာ သတ်မှတ်ထားတဲ့ စည်းမျဥ်းတစ်ခုကတော့ သူ့ရဲ့အိမ်မှာ ဘယ်မိန်းမရဲ့ မျက်နှာကိုမှ မမြင်စေရဘူးဆိုတာပါပဲ ဒါပေမဲ့လည်း ရှေ့နေအပါအဝင် ညီ ၄ ယောက်လုံးက ကွယ်ရာမှာတော့ သူတို့အစ်ကိုမသိအောင် ချစ်သူကိုယ်စီ ခိုးထားနေကြပါတယ် သူတို့တွေ မိန်းမလိုချင်တာကြောင့် ကျောက်တုံးလို မာကျောတဲ့ သူတို့အစ်ကိုရဲ့ နှလုံးသားကို မိန်းမတစ်ယောက်အတွက် အရည်ပျော်အောင် ဝိုင်းဝန်းကြံဆကြရပါတော့တယ် ကာတာမာတစ်ယောက် အတိတ်မှာ ချစ်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်ရှိခဲ့ပေမဲ့ သူနဲ့ ဘယ်လိုတွေ ဝေးသွားခဲ့လဲ လူကြမ်းကြီးတစ်ယောက်ရဲ့ အသက်မဲ့သွားခဲ့တဲ့ နှလုံးသားကို Shruti လေးရဲ့အလှက အသစ်တဖန် အသက်သွင်းပေးနိုင်မှာလားဆိုတာကတော့ …