Movie Name
Watchmen (2009)
Year
2009
Generes
Action
Code
00741
Type
Movie
Size
953 MB
Country
Hollywood
Description
ဒီတစ်ခါတော့ CM Fans တွေအတွက် အထူးဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ ဒီဇာတ်ကားလေးဟာ တစ်ချိန်က Superheroes ရုပ်ရှင်တွေထဲမှာ Epic အဖြစ်ဆုံး အကောင်းဆုံးဇာတ်ကားအဖြစ် သတ်မှာတ်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder ရိုက်ကူးခဲ့ပြီးတော့ Zack ကိုယ်တိုင်က သူ့ဘဝမှာ ဂုဏ်ယူခဲ့ရတဲ့ ဇာတ်ကားတွေထဲက တစ်ခု အပါအဝင်ပါလို့ ပြောကြားခဲ့တဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ Imdb Rating 7.6 ရရှိထားပြီး ဆုပေါင်းများစွာလည်းရထားသေးပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျွန်တော်တို့နဲ့ အပြိုင် Altarnate Reality တစ်ခုမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီးတော့ အဲ့ Reality မှာ Superheroes တွေ တကယ်ရှိပြီး သူတို့က နိုင်ငံရေး လူမှု့ရေးတွေမှာ ပါဝင်ပတ်သတ်မှု့တွေရှိနေပါတယ်။ ဇာတ်လမ်းကတော့ အနားယူနေတဲ့ စူပါဟီးရိုးတစ်ယောက်အသတ်ခံလိုက်ရတာကနေစတော့တာပါပဲ။ အသတ်ခံရသူက ကျွမ်းကျင်တဲ့ စူပါဟီးရိုးတစ်ယောက်ဖြစ်နေပေမဲ့ ရက်ရက်စက်စက် အသတ်ခံလိုက်ရတာပါ။ အဲ့မှာပဲ ကျန်တဲ့ စူပါဟီးရိုးတွေက ပြန်စုပေါင်းပြီး ဒီ လက်စားလိုက်ချေနေတဲ့သူက ဘယ်သူလဲ ဆိုတာ ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ သူတို့တွေ ဒီလို ဖော်ထုတ်ရာမှာ တဖြည်းဖြည်းနဲ့ ပိုပို နက်နဲလာတဲ့ ဇာတ်ကွက်ကို စိတ်ဝင်တစားကြည့်ရမှာပဲ ဖြစ်တယ်။ စိတ်ဝင်စားစရာကောင်းလှတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အပြင်တော်ရုံစူပါဟီးရိုး ကားတွေကို မကြိုက်တဲ့သူတွေတောင် ဒီကားတော့ ကြိုက်နှစ်သက်ကြတာဖြစ်လို့CM Fans တွေကို လက်လွတ်မခံပဲကြည့်ရှု့ဖို့ တိုက်တွန်းလိုက်ပါတယ်။