Movie Name
White House Down
Year
2013
Generes
Action, Thriller
Code
00742
Type
Movie
Size
564 MB
Country
Hollywood
Description
2013 ခု နှစ်မှာ ထွက်ရှိခဲ့ပြီး အိမ်ဖြူတော် အကြောင်းကို ရိုက်ထားတဲ့ Olympus Has Fallen နဲ့ ထွက်ရှိတဲ့အချိန်သိပ်ကွာလှတယ်မဟုတ်ပဲနဲ့ ပြိုင်တူနီးပါးလောက်ထွက်ရှိလာတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်..ဒီဇာတ်ကားနဲ့ Olympus Has Fallen နဲ့ကိုယှဉ်ပြရမယ်ဆိုရင်တော့ အိမ်ဖြူတော်သိမ်းတာ ချင်းအတူတူပင်ဖြစ်ပေမယ့် ရသခြင်းတော့ကွာပါတယ်..ကိုယ့်ဘာသာကိုယ်သာခံစားကြည့်ရှုလိုက်ပါ ဒီဇာတ်ကားကတော့ IMDb မှာ Rating 6.4 ရရှိထားပါတယ်.. ကဲလ်ဟာ သမ္မတရဲ့သက်တော်စောင့် အလုပ်ကိုလျောက်တာမှာရွေးချယ်ခြင်းမခံခဲ့ရပါဘူး တစ်ရက်မှာ သူ့သမီးလေးနဲ့အတူ အိမ်ဖြူတော်ကိုအလည်အပတ်လာပါတယ်.. သူ့သမီးလေး သန့်စင်ခန်းသွားနေတုန်း မို့ သူဟာ အလည်အပတ်တွေကိုပြသရာနေရာမှာပဲ ရှိနေတဲ့အချိန် အတွင်းလူတချို့နဲ့အပြင်လူတချို့တို့ပူးပေါင်းတိုင်ပင်ပြီး အိမ်ဖြူတော်ကို စတင်သိမ်းပိုက်ပါတော့တယ်..ကဲလ် ဟာ သူ့သမီးအတွက်အရမ်းကိုစိတ်ပူနေပါတယ် မကြာမှီအချိန်အတွင်းမှာပဲ အိမ်ဖြူတော်တခုလုံးကို လက်နက်ကိုင်တွေထိန်းချုပ်ထားလိုက်တဲ့ အခါမှာ သူတို့ရဲ့သတိချွတ်ယွင်းမှု ကိုအခွင့်ကောင်းယူပြီးသမီးကိုကယ်ဖို့အတွက်ပြေးထွက်လာပါတယ် ကယ်ဖို့လိုက်ရှာရင်းနဲ့မှ သမ္မတ ဒုက္ခရောက်နေတာကိုမြင်ပြီး မရမကကယ်တင်ခဲ့ကာ… ကြုံလာတဲ့အခက်အခက်တွေကို ဘယ်လိုဖြေရှင်းမလဲ..သမ္မတ ကိုရော ဘေးရန်ကင်းအောင်ဘယ်လို ကယ်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်..